ခပ်ညစ်ညစ်ဖုန်မှုန့်များဖြင့် ကပ်နေသော
အရိုးဆစ် ခပ်ကြီးကြီး လက်နှစ်ချောင်းကြားမှ
တောက်လောင်နေသော စီးကရက်တိုသည်
ထိုလက်နှစ်ချောင်းအား သူကိုယ်တိုင်နှင့်အတူ
လောင်ကျွမ်းစေနေသော်ငြား
လက်ချောင်းပိုင်ရှင်မှာတော့
ပူပြင်းကျွမ်းလောင်ခြင်းဆိုသည် ခံစားချက်ကို
ခံစားမိဟန်မတူ...။ထိုလက်ပိုင်ရှင်သည် အမျိုးသားတစ်ဦးဖြစ်ကာ
ဖုန်အလိမ်းလိမ်းကပ် မျက်နှာသည်
အကြောသေနေသော
လူတစ်ယောက်ကဲ့သို့ပင် ငြိမ်သက်နေကာ
ခံစားချက်ဟူသည် ဗလာနတ္ထိမရှိပေ....။ညှို့မှိုင်းနေသော အညိုရောင်မျက်ဝန်းတို့က
မွစာကျဲနေသော မြို့တော် အပျက်အစီးများ၏
ခပ်ဝေးဝေးမှ မှိန်ပျပျ ကြယ်အစုဝေးဆီသို့သာ
မျောလွင့်နေပြီး တစ်စုံတစ်ခုကို ရှာဖွေနေဟန်
လှုပ်ရှားနေသည်။မွစာကျဲနေသော မြို့ပျက်ကြီးထဲဝယ်
အနိဌာရုံမြင်ကွင်းများနှင် အော်ဟစ်နေကျသံများက
ဖုံးလွှမ်းနေသော်လည်း အမျိုးသားက သူ၏
သီးသန့်ကမ္ဘာလေးထဲတွင်သာ တည်ရှိနေသလိုပင်...။စီးကရက်မီးစသည် လက်ချောင်း၏အသားအား
နီရဲရဲအမှတ်အသားတစ်ခုပေးပြီးသည့်အခါတွင်တော့
အမျိုးသားသည် အထိအတွေ့ အာရုံကို
ပြန်လည် ရရှိသွား ဟန်တူသည်။အညိုရောင်မျက်ဝန်းတို့သည် ငေးကြည့်နေရာမှ
လက်ချောင်းကြားမှ စီးကရက်ဆီသို့
ငုံ့ကြည့်လာသည်။သို့သော် မျက်ဝန်းတို့သည် စီးကရက်ထံတွင်
ခဏတာသာ ရှိနေခဲ့ပြီး စီးကရက်ကိုကျော်လွန်ကာ
မြင်နေရသော တည်ငြိမ်နေသည့်
အရာတစ်ခုထံတွင်တော့
မြဲမြံသွားခဲ့သည်။သူသည် မျက်ခုံးတစ်ချက်ပင့်တင်လိုက်ပြီး
ပါးလွှသော ခပ်ညစ်ညစ်နှုတ်ခမ်းပါးတို့က
အပြုံးဟူသော လှုပ်ရှားမှုတစ်ရပ်ကို ဖော်ဆောင်သည်။
တစ်ဆက်တည်းမှာပင် ထိုနှုတ်ခမ်းပါးတို့သည်
တစ်စုံတစ်ခုကို ရေရွတ်လိုက်ဟန် လှုပ်ရှားသွားသည်။' အဲ့တာက ပေါ်လာပြီး...ငါရှာတွေ့သွားပြီ ´
သူ၏အသံသည် လွန်စွာတိုးညှင်းသော်လည်း
စိတ်လှုပ်ရှားနေမှုများကို ဖော်ဆောင်နေသေးသည်။