KPKL-1(ကိုယ်ပျောက်လူသား)

7.5K 46 3
                                    

Part -1

ပန်းခြံမှာ ပိတ်ရက်ဖြစ်သည့် စနေနေ့မို့ လူရှုပ်ကာ ဘယ်နေရာကြည့်ကြည့် ကလေးတွေနဲ့ သူတို့ကို အဖော်ပြုလိုက်ပို့သည့် မိဘ‌ သို့မဟုတ် မိသားစုဝင်များကို အများအပြားတွေ့ရလေသည်။

ပန်းခြံထဲက ကစားကွင်းမှာဆိုလဲ ‌ကလေးတွေ ပျော်ရွှင်မြူးကြွစွာ ဆော့ကစားနေကြကာ အုပ်ထိန်းသူတို့သည်လည်း သူတို့ကလေးတွေ ရီတဲ့အခါ သူတို့လည်း လိုက်ပါရီမောနေကြသည်။

တဖြေးဖြေး နေဝင်လာတဲ့အခါ ပြာပန်းခတ်မျှ လှုပ်ရှားနေကြတဲ့ ပန်းခြံကြီးမှာ လူတွေ လျော့သထက် လျော့လာရင်း ဟိုနားတစ်စု ဒီနားတစ်စုနဲ့ ကွက်ကျားလေး‌သာ လူအချို့ ကျန်နေခဲ့တော့သည်။

ထိုစဉ်မှာပဲ မျိုးရိုးစဉ်ဆက် အဆက်မပြတ် ဆင့်ကမ်းပေးခြင်းခံရတဲ့ စွမ်းရည်နဲ့ ကောင်လေးတစ်ယောက်ဟာ ည၇နာရီဝန်းကျင် အချိန်မှာ ၂၃လွှာမှာရှိတဲ့ သူ့တိုက်ခန်းဝရံတာပေါ်ကနေ အောက်သို့ခုန်ချသွားသည်။

ခဏအကြာ ထိုခုန်ချတဲ့ ပုံရိပ်လေးမှာ လေထဲတွင် ပျောက်ကွယ်သွားပြီး သက်သေတစ်စမှမချန်ကာ ဗလာနတ္ထိဖြစ်သွားတော့သည်။

ထိုသူမှာ နေရီတယော ဖြစ်ကာ အမွေခံ စွမ်းရည်ကို ကျွမ်းကျင်အောင် အသုံးပြုနိုင်ဖို့ စိတ်အားထက်သန်တဲ့ကောင်လေးတစ်ယောက်ဖြစ်သည်။

သူတို့ ကွန်ဒိုနက ပန်းခြံဆီကို ပျံသန်းလာရင်း ပန်းခြံထဲက အကြီးမားဆုံးသစ်ပင်ပေါ်မှာ ထိုင်လိုက်သည်။

အသက်(၁၈)နှစ်ရှိပြီဖြစ်ကာ တတ်သင့်သလောက် တတ်ထားပြီးပြီမို့ နေရီတယောအနေနဲ့ သူ့အနား၁၀မီတာပတ်လည်က လေတွေကို ထိန်းချုပ်နိုင်ပြီဖြစ်သည်။

ကလေးတွေရဲ့ ပျော်ရွှက်နေတဲ့ အသံနဲ့ မိဘတွေရဲ့ ရီမောနေတဲ့ အသံတွေကြောင့် နေရီရဲ့စိတ်လေး ပိုမိုလန်းဆန်းလာကာ ဉာဉ်ဆိုးလေးလည်း ထကြွလာတော့သည်။

သူတို့အမျိုးတွေထဲမှာ အမွှေနိုင်ဆုံးဆုကို သိမ်းပိုက်ထားတဲ့ နေရီမှာ သွားကလေးလှစ်ခနဲ လှစ်ဟပေါ်အောင်ပြုံးလိုက်ရင်း အပင်အောက်က ဖြတ်သွားသည့် သားအဖထံချဉ်းကပ်လိုက်သည်။

🎉 You've finished reading 𝐀 𝐛𝐨𝐲 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐚𝐛𝐢𝐥𝐢𝐭𝐲 𝐭𝐨 𝐡𝐢𝐝𝐞 𝐡𝐢𝐬 𝐛𝐨𝐝𝐲 (Completed ✅ ) 🎉
𝐀 𝐛𝐨𝐲 𝐰𝐢𝐭𝐡 𝐭𝐡𝐞 𝐚𝐛𝐢𝐥𝐢𝐭𝐲 𝐭𝐨 𝐡𝐢𝐝𝐞 𝐡𝐢𝐬 𝐛𝐨𝐝𝐲 (Completed ✅ )Where stories live. Discover now