Soo တစ်ယောက် သူမ၏ အစေခံဝတ်စုံ
သစ်လေးကို ဝတ်ဆင်လိုက်ပြီးေနာက်တော့
သူမ နေရသည့် အခန်းထဲက ထွက်လာသည်။
အခု သူမ ရောက်ရှိနေသည့် အိမ်တော်မှာ
Vincent အိမ်တော် ဖြစ်ပြီး ဒီနေ့ကတော့
သူမ၏ ပထမဆုံး အလုပ်စဝင်သည့်် နေ့ပင်
ဖြစ်သည်။ ယခုမှာ မနက်ခင်း ၆ နာရီအချိန်ပဲ
ရှိသေးတာကြောင့် သခင်မလေးကတော့
နိုးအံုးမယ့်ပုံ မပေါ်သေး။
Soo က သခင်မလေး အခန်းရှေ့ကနေ
ခြေသံကို ဖွဖွလေးနင်းပြီး ဖြတ်ေလျှာက်သွား
ခဲ့သည်။
အခန့်မသင့်လို့သာ သူမရဲ့လမ်းလျှောက်သံ
ကျယ်သွားခဲ့ရင် သခင်မလေး နိုးသွားပြီး
စိတ်အနှောင့်အယှက် ဖြစ်သွားမှာကို
မလိုလားတာကြောင့်ပင် ဖြစ်သည်။အင်း ... မနေ့က Soo စရောက်လာတဲ့
အချိန်ကို ပြန်စဉ်းစားရရင်တော့ .._
_
_
_
_သခင်မလေး Roseanne ဟာ သူမရဲ့
အိမ်တော်ရှေ့ကို ရောက်လာတော့ ခြေလှမ်း
တွေကို ရပ်တန့်လိုက်သည်။" ဒါက ကိုယ့််ရဲ့အိမ်ေတာ်လေ ..
ဒီမှာဆိုရင် Soo လုံခြုံမှာပါ.. "" ဝါး .. သခင်မလေးရဲ့အိမ်ေတာ်က
အကြီးကြီးပဲနော် .. "Soo က သဘောကျစွာဖြင့် Vincent
အိမ်တော်ကြီးကို ခြံအပြင်ကနေ ငေးကြည့်
ရင်း ပြောလာခဲ့သည်။ သူမတို့ လျှောက်လာ
ခဲ့တဲ့ လမ်းတစ်လျှောက်လည်း အထက်တန်း
လွှာတိုင်းရဲ့အိမ်တော်တွေကို မြင်တွေ့ခဲ့ရ
ပေမယ့် Soo မျက်လုံးထဲမှာတော့ Vincent
အိမ်တော်ကသာ အလှဆုံးနဲ့ အကြီးဆုံး
အိမ်တော်ကြီး ဖြစ်နေလေသည်။Roseanne ကတော့ Soo ကို ဘေးကနေ
ပြုံးလျက်နဲ့ ကြည့်ေနပြီး" ဪ.. ဒါနဲ့ .. မေ့တော့မလို့
Soo မှာ ပြည်ဝင်ခွင့် ထောက်ခံစာတို့ ၊
ရွာထောက်ခံစာတို့ ရှိတယ်မလား .."" ဟုတ် .. ရှိပါတယ် ..သခင်မလေး .."
Roseanne က ပြုံးလျက်နဲ့
" ဟုတ်ပြီ .. ဒါဆို .. အထဲဝင်ကြရအောင်.. "
" ဟုတ်ကဲ့ .."
Soo က ခေါင်းလေးညိတ်ကာ ပြောလိုက်
သည်။Soo လည်း သူမရဲ့အိမ်ကနေ မထွက်လာခင်
ရက်ပိုင်းလောက်ကတည်းက အဲ့ဒီအရာတွေနဲ့
ပတ်သတ်ပြီး ကြိုတင်ပြင်ဆင်ခဲ့ပြီးသားပါ
YOU ARE READING
The Moon & Her Royal Sun
Historical Fiction" ငါတို့နှစ်ယောက်ရဲ့ တွေ့ဆုံခြင်းဟာ အမှားတစ်ခု ပါလို့ တစ်လောကလုံးက ပြောနေခဲ့ရင်တောင် ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး.." FreenBecky ( GL Fan Fiction )