II(Final)

2.6K 225 20
                                    

ဂျန်းနီအိမ်ပြန်လာတော့ ဧည့်ခန်းထဲမှာ မေမေထိုင်နေတယ်။ မေမေ့မျက်ဝန်းတွေက ဒေါသဖြစ်နေတဲ့ အရိပ်အယောင်တွေ တွေ့တယ်။

'' မေမေ .. မအိပ်သေးဘူးလား ''

ဒေါသတကြီးပဲ ဂျန်းနီလက်ထဲ သတင်းစာထည့်ပြီး....။

'' နင် ငါ့သမီးရော ဟုတ်ရဲ့လား ဂျန်းနီ။ ဘယ်လို အခြေအမြစ်မရှိတာတွေကို လုပ်နေတာလဲ ''

'' နောက်ကျနေပြီ သမီးအိပ်တော့မယ် ''

'' အခုရပ်လိုက်စမ်း ဂျန်းနီ ''

ဂျန်းနီ အခန်းထဲကိုဝင်လို့မရတော့ဘူးဆိုတာ သိလိုက်တယ်။ မေမေ့ရှေ့ကို မျက်နှာချင်းဆိုင်အနေအထား လှည့်ကြည့်မိတယ်။

'' နင် သောက်လာတာလား ''

ဂျန်းနီရဲ့နှုတ်ခမ်းနားကို မေမေနမ်းကြည့်ပြီး မေးလို့ ခပ်တည်တည်ပဲ '' သမီး မသောက်တတ်တာ မေမေ သိပါတယ် '' သူမစကားကို မေမေက မယုံဘူးလေ။

'' နင့်ကို အဲ့ကောင် ဘာလုပ်လိုက်သေးလဲ။ တခုခုလုပ်လိုက်သေးလား ''

'' မလုပ်ပါဘူး ''

ဂျန်းနီ ခေါင်းငုံ့ပြီးဖြေလိုက်တယ်။ သူမတို့ သားအမိစကားသံက အတော်လေးကျယ်သွားတယ်။ အိပ်ပျော်နေတဲ့ဖေဖေပါ သူမတို့စကားဝိုင်းထဲ ပါလာသည်။

'' ဘာဖြစ်ကြတာလဲ ''

'' ဘာမှမဖြစ်ပါဘူး။ သမီး အိမ်ပြန်နောက်ကျလို့ပါ ဖေဖေ ''

ဖေဖေ့ကိုပြောပြီး ဂျန်းနီ အခန်းထဲကိုဝင်ခဲ့တယ်။

'' အဲ့လမ်းသရဲ Ph No ကို ကျွန်မ မှတ်ထားတယ်။ ဖုန်းဆက်ပြီး ကျွန်မတို့သမီးနဲ့ ဝေးဝေးနေဖို့ ပြောလိုက် ယောကျာ်း ''

'' စိတ်လျှော့ပါ .. သူတို့က ကလေးတွေပဲ ရှိသေးတယ် ''

'' ငါတို့သမီး တခုခုဖြစ်လို့ကတော့ မင်းမှာပြဿနာဖြစ်ပြီလို့  .. အခု ဖုန်းဆက်လိုက် ''

မစ္စတာကင် သက်ပြင်းချလိုက်တယ်။ သူ့အမျိုးသမီးက သမီးကြီးဂျန်းနီကို အများကြီးမျှော်လင့်ထားတာပဲ။

~~

မေမေနဲ့ပြဿနာဖြစ်ပြီး သူမ အပြင်ထွက်ခွင့်ပိတ်သွားတယ်။ အယ်လာကလည်း သူမ သူငယ်ချင်းတွေနဲ့ အပြင်သွားတယ်။ အဲ့တော့ သူမ တယောက်တည်း။

Three Steps Above Heaven (JL Ver )Where stories live. Discover now