"အမ်း ဟိုဘက်နည်းနည်းတိုးဦး"
ဆော့ဂျင်တို့ ထမင်းစားနေတဲ့ဝိုင်းကို မဆီမဆိုင်ရောက်လာကာ ဘေးပင်တိုးခိုင်းနေသေးသည်။ဆော့ဂျင်နဲ့ ဟယ်ဝန်းကြားကိုဝင်ကာ မိန့်မိန့်ကြီးထိုင်နေတဲ့ သကောင့်သားကို တစ်စက်ကလေးမှကြည့်မရ။
"စားလေ ဘာလုပ်နေကြတာလဲ"
သကောင့်သားကပြောတော့ ဟယ်ဝန်းကယောင်အအနဲ့ အင်းအင်းဟုဆိုကာ ထမင်းတွေစားနေသေးသည်။
"စိတ်ပျက်စရာပဲ သူငယ်ချင်းမရှိဘူးလား မင်း"
"ရှိတယ်လေ ဟိုမှာ"
ပုစွန်တစ်ကောင်ကိုပါးစပ်ထဲထိုးထည့်ကာ ဆော့ဂျင်ကိုမော့ကြည့်ပြီးပြောပုံက တကယ်ကိုထရိုက်ချင်စရာပင်။ သူနဲ့ဟယ်ဝန်းနဲ့ရှိရာကိုရောက်ရောက်လာတတ်တဲ့သူ့ကို ဆော့ဂျင်မသင်္ကာပါ။ သို့ပေမယ့် ဘာမှမသေချာတာကြောင့် ရမ်းပြောလို့လည်းမရပင်။ ဘာရည်ရွယ်ချက်နဲ့လုပ်နေတာလဲ။ ဟယ်ဝန်းကိုများကြိုက်နေလို့လား ဒါအဖြစ်နိုင်ချေရှိဆုံး အချက်။
"ဟိုင်း တစ်ယောက်တည်းလားဟယ်ဝန်းဆီသွားမှာလား လိုက်ခဲ့လို့ရလား"
"ဂျွန်ဂျောင်ကု"
"ဟမ့် ပြော"
ပြောင်စပ်စပ် မျက်နှာထားနဲ့ပြန်ပြောလာသောသူအား ဆော့ဂျင်တကယ်ပင်အမြင်ကတ်သည်။ ဂျွန်ဂျောင်ကုလိုလူမျိုးက ဟယ်ဝန်းကိုသာတကယ်ကြိုက်မယ်ဆိုရင် ဟယ်ဝန်းကလဲငြင်းမှာမဟုတ်။
ဂျွန်ဂျောင်ကုက ဥစ္စာပေါ၊ရုပ်ချော။"ဘာလို့လိုက်နှောက်ယှက်နေတာလဲ"
"သဘောကျတဲ့လူရှိလို့"
"ဟမ်"
ဆော့ဂျင်ကမကြားဟန် ပြန်မေးတော့ ဂျောင်ကုသည် ခေါင်းခါကာ ပျင်းလို့ဟုဖြေသည်။
"မင်းသွားနှင့်တော့ မလိုက်တော့ဘူး"
"ဟမ် စောနကပဲသေမလိုလိုက်ချင်နေတာမလား"
"သေမလိုတော့မဟုတ်ပါဘူးကွာ ဒီတိုင်းလမ်းကြုံလို့စလိုက်တာ"
"ပြီးတာပဲ"
"အင်း ဘိုင့်ဆော့ဂျင်"
"ဘိုင့်"
YOU ARE READING
Safe area [Short Stories-]
NouvellesThis era is only for kookjin 🤍 If you don't like you can skip this ! Thanks. 12/11/22_ on the quiet 12/24/22_ a Knotty problem 1/19/23 & 030523_ script