Dream နဲ့ George နှစ်ယောက်အတူတူဆက်သွယ်နိုင်ဖို့နည်းတော်တော်များများရှာတွေ့ခဲ့ကြတယ်။အိမ်နောက်ဖေးမှာ အမှတ်တရဘူးလေးတစ်ခုမြုပ်ထားဖို့ Dream ကို George ကအကြံပေးတာမျိုးလိုပေါ့..George တစ်ယောက် အလုပ်ပရောဂျက်ကိုအပြီးသတ်လိုက်ပြီးတော့ လောလောလတ်လတ်ဝယ်ထားတဲ့ တူရွင်းကိုသယ်ကာ အပြင်ထွက်လာခဲ့တယ်။Dream ကတော့ ခြံစည်းရိုးနားလေးမှာမြှုပ်ထားတယ်လို့ပြောတာပဲ။ဘယ်သူမှ တူးယူမသွားခဲ့ဖို့တော့မျှော်လင့်တယ်..
Dream ပြောထားတဲ့နေရာအတိုင်းပဲ George မြေစတူးတယ်။သူက အားသိပ်သန်တဲ့ထဲမပါပေမယ့်လို့ မြေကြီးကိုတူရွင်းနဲ့ တစ်ကော်ချင်းဆီကော်ထုတ်နေတယ်။ ရုတ်တရက် သူ့မျက်လုံးထောင့်ကနေ တစ်ယောက်ယောက်က သူ့ကိုစိုက်ကြည့်နေသလိုတွေ့လိုက်ရတယ်။အေးလေ..အိမ်နောက်ဖေးမှာမြေကျင်းတူးတာ ထူးဆန်းနေမှာပေါ့။မသိရင် အလောင်းဖျောက်ဖို့ ကျင်းတူးနေတဲ့ပုံစံပေါက်နေတာကိုး။
George က ဘာကြည့်တာလဲ ဆိုတဲ့ပုံစံနဲ့ ပခုံးတွန့်ပြလိုက်တော့မှ ထိုလူကလှည့်ထွက်သွားတယ်။အဲ့လူက လမ်းလျှောက်သွားရင်း အိတ်ဆောင်မှတ်စုစာအုပ်လိုအရာကိုထုတ်လိုက်ပြီး တစ်ခုခုချရေးနေတယ်။George ကတော့ မသမာမှုနဲ့ ရဲတိုင်ဖို့ချရေးနေတယ်ထင်ပြီး ရုတ်တရက်လန့်သွားခဲ့တယ်။15 မိနစ်ကျော်ကျော်ကြာတော့မှ George တစ်ယောက်သက်ပြင်းချရင်း သူတူးထားတဲ့မြေကြီးပုံကြီးကိုကြည့်ကာ ခေါင်းခါလိုက်တယ်။တစ်ယောက်ယောက်တော့ ဘူးကို တူးပြီးယူသွားခဲ့ပြီးဖြစ်မယ်။
မြေကြီးကို ဆက်တူးဖို့ တူးရွင်းပြင်နေတုန်းမှာပဲ လင်းလင်းပြောင်ပြောင်လေးတစ်ခု မြေကြီးထဲမှာတွေ့လိုက်ရတယ်။
တွေ့ပြီ...မြေကြီးထဲမှာမြှုပ်ထားတဲ့ သတ္တုဘူးလေး။
George အံ့သြတကြီးကြည့်လိုက်ရင်း ဆေးတောင့်ပုံစံသတ္တုဘူးလေးကို မြေကြီးထဲကနေကောက်ယူလိုက်တယ်ဘူးလေးရဲ့အပေါ်မှာ တိပ်တွေနဲ့ပိတ်ထားပြီး George လို့ ရေးထားတယ်။သူမြေကြီးတွေကိုတောင်ပြန်မဖို့တော့ပဲ အိမ်ထဲကိုပြေးဝင်လိုက်ပြီး ဘူးလေးကိုရေဆေးလိုက်ပါတယ်။နောက်..သူ့အခန်းထဲကိုပြေးဝင်လိုက်တဲ့အ
ချိန်မှာဘဲ ဖုန်းမြည်သံကြားလိုက်ရတယ်။
YOU ARE READING
Flowers From 1970-DreamNotFound (mmtran)
Mystery / ThrillerThis is not my own. I love this fiction . Author is astronomika. All credits go to original writer. I'm just wanna share this story. Translator(Ayla Cumberbatch)