Concepts

17 4 0
                                    

Dream နဲ့ဖုန်းပြောဖို့အချိန်ရအောင် အလုပ်အပြီးသတ်ဖို့ George တစ်ယောက်ကွန်ပျူတာရှေ့မှာထိုင်ရင်း လုပ်လက်စအလုပ်ကိုအပြီးသတ်နေတယ်။

သူ့ကွန်ပျူတာကိုဖွင့်လိုက်တိုင်း Dream အကြောင်းကို Google မှာရှာကြည့်လိုက်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရတယ်။ဒါပေမယ့် လိုက်မရှာပါဘူးလို့ ပေးထားတဲ့ကတိက သူ့သိချင်စိတ်ထက် ပိုပြီးအရေးကြီးတယ်လေ။

အလုပ်ကိုအမြန်အပြီးသတ်နေရင်း ဖုန်းလာမယ့်အချိန်ကိုမျှော်နေမိတယ်။နေ့တိုင်းအကျင့်လိုတောင်ဖြစ်နေပါပြီ...လူချင်းတစ်ခါမှမတွေ့ဖူးတဲ့ကောင်လေး တစ်ယောက်ဆီက ဖုန်းကို အိပ်ယာပေါ်မှာလှဲရင်း အချိန်ဆွဲပြီးစောင့်နေမိတာ။မဖြစ်နိုင်တဲ့အရာတွေ မှော်ပညာလိုအရာတွေကို သူမေ့ထားလိုက်တယ်။
သူ့ရဲ့ အဓိပ္ပာယ်မဲ့နေတဲ့ဘဝကြီးက Dream နဲ့တွေ့မှပြောင်းလဲလာခဲ့တာ။Dream နဲ့သူ အချိန်ကာလတွေခြားနေတယ်ဆိုတာတောင် မေ့သွားတဲ့အထိပါပဲ။
သူအမြဲတမ်းအထီးကျန်နေခဲ့လို့ပဲ ဖြစ်ပါလိမ့်မယ်။
အင်္ဂလန်ကို သူ့မိသားစုတွေပြန်သွားကတည်းက လွန်ခဲ့တဲ့ခြောက်နှစ်လုံး အမြဲတစ်ယောက်တည်းဖြစ်နေခဲ့တာ။တစ်လနေမှတစ်ခါတောင်စကားမပြောဖြစ်တဲ့ မိတ်ဆွေတစ်ယောက်နှစ်ယောက်နဲ့ပေါ့။

အရမ်းအထီးကျန်လာတဲ့အချိန်တွေမှာ ကမ္ဘာကြီးတစ်ခုလုံးကကိုယ့်အပိုင်လို့ ခံစားရစေတဲ့ လူတစ်ယောက်စီမှာ ကပ်တွယ်မိကြတာပဲမဟုတ်လား။
George အတွက်တော့ အဲ့ဒီလူဟာ Dream ပါပဲ။
ဘယ်သူမှစိတ်မဝင်စားတဲ့သူ့အကြောင်းတွေကို Dream က အမြဲစိတ်ဝင်တစားမေးတယ်။ဒီနေ့အခြေအနေဘယ်လိုရှိလဲ ဆိုတဲ့ ရိုးရိုးရှင်းရှင်းမေးခွန်းကနေပြီး ဗုံးခိုကျင်းထဲကိုယူဖို့ ပစ္စည်းထည့်ချိန် စက္ကန့်ခြောက်ဆယ်ပေးမယ်ဆိုရင် ဘာပစ္စည်းတွေယူမလဲ ဆိုတဲ့ ထူးထူးဆန်းဆန်းမေးခွန်းတွေအထိ။သူ့ပြောတဲ့စကားတွေနဲ့သူ့အကြောင်းကို ဒီလိုအလေးထားအမေးမခံခဲ့ရတာ ဘယ်လောက်ကြာခဲ့ပြီလဲတောင်မမှတ်မိတော့ပါဘူး။သူတကယ်နှစ်သက်တဲ့အရာတွေအကြောင်း သူများကိုမပြောပြဖြစ်တာ ဘယ်လောက်ကြာပြီမှန်းလဲ ကိုယ်တိုင်တောင်မမှတ်မိပါဘူး။
အချိန်ကာလခြားနေခဲ့တာကလွဲလို့ သူတို့ကြားက ဆက်ဆံရေးက သူ့အတွက်တော့ အရမ်းအရေးပါပါတယ်။အကြာကြီးနေမှရခဲ့တဲ့ ပထမဆုံးဆယ်နွယ်မှုလေးတစ်ခုပါ။
တနေကုန် ကုဒ်တွေရေးပြီး အလုပ်ရှုပ်နေခဲ့ရတာကြောင့် စိတ်မပါလက်မပါနဲ့ အိပ်ခန်းနံရံနားကိုလျှောက်လာလိုက်တယ်။တစ်နေ့ကို အကြိမ်ဘယ်နှစ်ခါမြောက် ကြည့်နေမိမှန်းကိုမသိတော့ပါဘူး။အခန်းထောင့်က "Hi" ဆိုတဲ့ စာလုံးလေးနဲ့ အချိန်မတူပေမယ့်ဆေးရောင်တူဖြစ်နေတဲ့ လက်ဖဝါးရာလေးနှစ်ခု ကိုပေါ့..သူစကားပြောနေခဲ့တဲ့ကောင်လေးက တကယ်တည်ရှိခဲ့တယ်ဆိုတာ သက်သေပြနေတဲ့ ဒီအမှတ်အသားလေးတွေဟာ ပြိုလဲနေတယ့်သူ့ကမ္ဘာကြီးကို ငြိမ်သက်အေးချမ်းသွားစေသလိုပါပဲ။

နှစ်ငါးဆယ်ကျော်ကြာ မြေကြီးအောက်မှာမြှုပ်ထားခံခဲ့ရတဲ့ အပြုံးလေးနဲ့ Dream ရဲ့ဖလင်ဓာတ်ပုံလေးကလည်း သူ့စားပွဲခုံပေါ်မှာတင်လျှက်။
Dream ဆိုတဲ့လူဟာ တကယ်တည်ရှိခဲ့တယ်ဆိုတာ ဖော်ပြနေတဲ့ အမှတ်အသားနောက်ထပ်တစ်ခု။
George ဆေးတွေပေနေဆဲဖြစ်တဲ့ တယ်လီဖုန်းလေးကိုကောက်ကိုင်လိုက်ရင်း ဖုန်းအလာကိုမျှော်နေတယ်။အချိန်ကုန်တယ်လို့ လုံးဝမထင်မိပါဘူး။သူ့ကိုတကယ်ဂရုစိုက်တဲ့ လူတစ်ယောက်နဲ့စကားပြောနိုင်ဖို့ဘုရားကပေးတဲ့အခွင့်အရေးတစ်ခုလို့ပဲ သူမြင်တယ်။အချိန်ကိုက်ပါပဲ...ဖုန်းသံမြည်လာတာကြောင့် ဖုန်းကိုအမြန်ကောက်ကိုင်လိုက်တယ်။

" ဒါဆို..မင်း..ငါ့ဓာတ်ပုံကိုမြင်ပြီးသွားပြီပေါ့"

Flowers From 1970-DreamNotFound (mmtran)Donde viven las historias. Descúbrelo ahora