George အခုနေနေတဲ့အိမ်ကိုဝယ်ခဲ့တဲ့အကြာင်းအရင်းကတော့ အသက်အရမ်းငယ်သေးတဲ့အတွက် ပရိဘောဂအစုံအလင်နဲ့အိမ်ကြီးအိမ်ကောင်းတစ်လုံးမဝယ်နိုင်သေးလို့ပါပဲ။ဆေးလည်းအသစ်ပြန်သုတ်မထားသလို သန့်ရှင်းရေးလည်းတစ်ခါမှလုပ်မထားပုံပေါက်နေတဲ့ဒီအိမ်ကြီးက Dream ဒါမှမဟုတ် Dreamမိသားစုထဲကတစ်ယောက်ယောက်နောက်ဆုံးနေသွားပုံပေါ်ပါတယ်။
ဆိုဖာဟောင်းကြီးတစ်လုံးရယ် ထပ်ခိုးပေါ်ကပစ္စည်းဟောင်းအချို့ရယ်နဲ့ အခုသူကိုင်ထားတဲ့တယ်လီဖုန်းအဟောင်းလေးကလွဲလို့ ဘာပစ္စည်းမှချန်ထားခဲ့တာမျိုးမရှိပါဘူး။
Dream တစ်ယောက် လက်နဲ့ဆံပင်တွေကိုဖွရင်း နံရံပေါ်ကို ကိုင်းပြီးမှီထားတယ်။မူးနေလျက်နဲ့။
ခါတိုင်းဆို သူသောက်လေ့မရှိပါဘူး။ဒါပေမယ့် ဒီနေ့ကတော့ချွင်းချက်။လက်တစ်ဖက်မှာ အရက်ပုလင်းကိုကိုင်ထားပြီး အခြားတစ်ဖက်က ဖုန်းကိုကိုင်ထားရင်း သူအခုမူးနေတဲ့အခြေအနေနဲ့ George ကိုဖုန်းခေါ်ရမလား ဒါမှမဟုတ် ဒီတိုင်း George တစ်ယောက်ထဲပဲလွှတ်ထားလိုက်ရမလား ဆိုတာကိုစဥ်းစားနေတယ်။
Sapnap ကတော့ သူတတ်နိုင်သလောက်နှစ်သိမ့်ပေးပြီး သူ့အိမ်မှာပဲနေပေးတယ်။Dream သူ့ကိုစိတ်မပူစေချင်တဲ့အတွက် ဘာမှမဖြစ်တဲ့ပုံစံမျိုးနေပြနေပေမယ့် Sapnap တံခါးပိတ်ပြီးထွက်သွားတာနဲ့ သူပြိုလဲရတော့တာပါပဲ။အရက်ဆိုတာ သူ့အတွက်တော့ပြဿနာမရှိပေမယ့် သူ့အဖေအတွက်တော့ပြဿနာရှိခဲ့တယ်။သူ့အဖေလိုမျိုး အရက်စွဲတဲ့လူမျိုးမဖြစ်စေရဘူးလို့ ကိုယ့်ကိုယ်ကိုကတိပေးခဲ့ပေမယ့် အခုတော့ကြည့်ပါအုံး..ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဘဲ လက်ထဲမှာအရက်ပုလင်းနဲ့။သူအခု ဘယ်သူ့နဲ့ စကားပြောချင်နေသလဲ,ဘယ်သူ့ကိုလိုအပ်နေသလဲဆိုတာ သူကောင်းကောင်းသိပါတယ်။ဒါပေမယ့် သူကြောက်မိတယ်။
အနာဂတ်ကလူတစ်ယောက်နဲ့စကားပြောဖို့ဆိုတာ လူတိုင်းအနည်းငယ်တော့ လန့်မိမှာပေါ့။ဒါပေမယ့် သူ George နဲ့စကားပြောရတိုင်းမှာ..ဒီအရေးမပါတဲ့အရာတွေအကုန်လုံးကို မေ့သွားမိတာပါပဲ။သူတောင်မမေးမိပါဘဲနဲ့ ပြောပြလာတဲ့ ထွေရာလေးပါးအကြောင်းတွေ နားထောင်ရတာကိုကြိုက်တယ်။ပြောရရင်တော့ သူ့အသံကြားနေရရင်ကို အလိုလိုနေရင်းပျော်နေမိတယ်။

YOU ARE READING
Flowers From 1970-DreamNotFound (mmtran)
Mystery / ThrillerThis is not my own. I love this fiction . Author is astronomika. All credits go to original writer. I'm just wanna share this story. Translator(Ayla Cumberbatch)