ငိုပဲငိုနေတဲ့ဆော့ဂျင်ကြောင့် ဂျောင်ကုထိုင်နေရာကဆော့ဂျင်နားကိုကပ်ထိုင်ပြီး တိုးဖက်လိုက်သည်။ ဆော့ဂျင်တစ်ယောက်တည်း ခံစားချက်ပေါင်းစုံနဲ့ရှုပ်ထွေးနေတာကို ကြည့်ပြီး ဂျောင်ကုပါစိတ်မသက်သာဖြစ်လာရသည်။
"ဂျင်ရာ ဘာလို့ငါ့ကိုမပြောပြရတာလဲ အမေသာနင့်ဒိုင်ယာရီစာအုပ်ကိုလာမပြဘူးဆိုငါကသိတော့မှာမဟုတ်ဘူး"
ဟယ်ဝန်းပြောတဲ့စကားကြောင့် ဆော့ဂျင်လန့်ပြီးဖက်ထားတဲ့ဂျောင်ကုလက်တွေဖယ်ပြစ်လိုက်သည်။ ဒါဆို အမေကော အဖေကော ကပါ သိပြီးပြီပေါ့။ သူ့ကြောင့်ဘယ်လောက်ဝမ်းနည်းခဲ့ရမလဲ။ ဒါကိုမသိတဲ့သူက အခန်းထဲမှာပဲအောင်းနေပြီး အဖေနဲ့အမေ့ကိုထပ်စိတ်ဆင်းရဲအောင်လုပ်မိသေးတာ။ သူကတကယ်ကိုမကောင်းတဲ့ကောင်ပဲ။
"ထပ်ပြီးတောင်းပန်ပါတယ် ဟယ်ဝန်း ပြီးတော့ ပြီးတော့ ဂျောင်ကုကိုကော"
"မလိုပါဘူးဟာ ဂျင်ရာနင်ငါ့ကိုပြောခဲ့ရင် ငါနောက်ဆုတ်ပေးမှာပေါ့ သူငယ်ချင်းဆိုလို့ငါတို့ပဲရှိတဲ့ဟာကို"
ဟယ်ဝန်းက သူ့ကိုအများကြီးနှစ်သိမ့်စကားတွေပြောကာ အိမ်ကလာခေါ်လို့ပြန်သွားခဲ့သည်။ အမေကလည်း ညနေဟင်းချက်စရာကုန်နေလို့ သွားဝယ်ဦးမယ်လို့ ဆိုကာ ထွက်သွားသည်။ အခုကျန်ခဲ့တာက သူနဲ့ဂျောင်ကု နှစ်ယောက်တည်းသာ။
"မိုးချုပ်နေပြီလေ ဟို အဲ့တာ မပြန်သေးဘူးလား"
သူ့လက်ချောင်းလေးတွေကို သူတို့လိုက်ဆိတ်လိုက်လုပ်နေတဲ့ပုံအရ ဆော့ဂျင်ဟာစိတ်လှုပ်ရှားနေတာသိသာပါသည်။
"လွန်ခဲ့တဲ့နှစ်ရက်က ဘာလို့ကျောင်းမလာတာလဲ"
ဆော့ဂျင်ရဲ့စိတ်အခြေအနေမကောင်းတာကြောင့်မလာတာသိပေမယ့်လည်း။ သူသိပေမယ့်လည်း တကယ့်အကြောင်းအရင်းကသပ်သပ်ရှိသေးတာမို့ ထပ်မေးရမည်။
"အမ်"
ဆော့ဂျင်သည် အူကြောင်ကြောင်လေးနဲ့သူ့ကိုပြန်ကြည့်သည်။
"ငါက ဟယ်ဝန်းကိုကြိုက်ပါတယ်လို့ ပြောခဲ့ဖူးလား မင်းအနားကိုဟယ်ဝန်းကြောင့်လာတာဆိုပြီးထင်ရအောင် ငါဘာတစ်ခုများလုပ်ခဲ့မိလို့လဲ"
YOU ARE READING
Safe area [Short Stories-]
ContoThis era is only for kookjin 🤍 If you don't like you can skip this ! Thanks. 12/11/22_ on the quiet 12/24/22_ a Knotty problem 1/19/23 & 030523_ script