Who could hate flowers?

17 4 0
                                    


Dream စိတ်အခြေအနေ တည်ငြိမ်သွားတာတော့ တစ်ပတ်လောက်ရှိပါပြီ။နောက်ပိုင်း အခြေအနေကောင်းလာတာနဲ့အမျှ George နဲ့ ခါတိုင်းလိုပဲစကားအတူတူပြောတယ်။အလုပ်အားရင် Sapnap နဲ့လဲစကားတွေပြောတယ်။လုံးလုံးကြီး မကောင်းသေးပေမယ့် တဖြေးဖြေး ပိုပြီးကောင်းလာပါပြီ။

အခုလောလောဆယ်တော့..သူ George နဲ့ဖုန်းပြောရင်း ကဏ္ဍအမျိုးမျိုးကသူတို့အကြိုက်ဆုံးအရာတွေအကြောင်း စကားစမြည်ပြောနေကြတယ်။

" Hmm..",George ကရွေရွတ်လိုက်ရင်း..

" အကြိုက်ဆုံးတိရစ္ဆာန်က ဘာလဲ.."

Dream က ထိုင်ရာကထလိုက်ပြီး ကြမ်းပြင်ပေါ်မှာအိပ်နေတဲ့ သူ့ကြောင်ကလေး Patches ကိုကောက်ချီလိုက်တယ်။

" ကြောင်..Patches ရေ နှုတ်ဆက်လိုက်ပါအုံး"

ဖုန်းဒိုင်ခွက်ကို Patches ရဲ့နှာခေါင်းနားလေးမှာထားပေးလိုက်ပေမယ့် ကြောင်လေးကတော့စကားပြောချင်စိတ်ရှိမနေတဲ့ပုံပါပဲ။

"သူက ချေတယ်နော်",George ကပြုံးရင်းပြောလိုက်တယ်။

" အတင်းနှိုးပြီး ကောက်ချီလာတာမလား"

Dream က Patches ကိုသူအိပ်နေတဲ့နားလေးပြန်ထားလိုက်တယ်။

" ဘာမှလည်းပြန်မပြောဘူး..",George ကခေါင်းခါရင်း ရယ်လိုက်တယ်။

" ငါလဲ ကြောင်ချစ်တယ်"
" Luca ဆိုတဲ့ ကြောင်လေးတစ်ကောင်တောင်မွေးခဲ့သေးတယ်"

" ကြောင်ချစ်တတ်တဲ့သူတွေက အကောင်းဆုံးပဲ",Dream ကပြောလိုက်တော့ George ကလက်ခံတဲ့သဘောနဲ့ခေါင်းငြိမ့်တယ်။

" ငါတို့တွေ မေးဖို့ဘာအကြောင်းကျန်သေးလဲ",ခဏလောက်တိတ်သွားပြီးမှ George ကမေးလာတယ်။

Dream က ပြတင်းပေါက်အပြင်ကိုငေးနေရင်းကနေ သူ့အိမ်နီးချင်းရဲ့အိမ်ထဲကို ကားတစ်စီးမောင်းဝင်လာတာတွေ့လိုက်တယ်။
အိမ်နီးချင်းအစ်မကြီးကထွက်လာပြီး ကားထဲကနေ ရဲရဲတောက်နေတဲ့နှင်းဆီပန်းစည်းကြီးကိုင်လျက်ထွက်လာတဲ့ကောင်လေးကို ပြုံးပြလိုက်တယ်။
သူမက နှင်းဆီပန်းစည်းကြီးကို ပျော်ပျော်ပဲယူလိုက်ပြီး ထိုလူကိုဖက်လိုက်တယ်။ထိုလူကလည်း ကောင်မလေးကိုပြန်ဖက်လိုက်ကာ သူမခန္ဓာကိုယ်ကိုချီပြီး လေထဲမှာဝှေ့ရမ်းလိုက်တယ်။

Flowers From 1970-DreamNotFound (mmtran)Where stories live. Discover now