"She's allergic"

13 4 0
                                    


George သက်တမ်းငါးဆယ်ကြာနေပြီဖြစ်တဲ့ ပန်းပျိုးစေ့ထုပ်ကိုလက်တစ်ဖက်ကကိုင်ပြီး အခြားတစ်ဖက်ကဖုန်းကိုကိုင်ထားရင်း
" Dream..ငါဘယ်ကနေဘယ်လိုပန်းစစိုက်ရမှန်းမသိဘူး..အပင်စိုက်တဲ့ပစ္စည်းတွေလည်းမရှိဘူး"

"ပန်းပင်စိုက်စရာမလိုပါဘူး..အဲ့ဒီပျိုးစေ့တွေကိုသိမ်းထားလိုက်လေ..ဘာပဲပြောပြောအဲ့တာလည်းပန်းပဲကို"

George ခေါင်းခါလိုက်ရင်း..

" မဟုတ်သေးဘူးလေ..မင်းကခက်ခက်ခဲခဲပေးထားရတာ..ငါက ပန်းပွင့်အောင်တော့စိုက်ချင်သေးတာပေါ့။ပြီးတော့ ပန်းပင်စိုက်တာလိုမျိုး အားတဲ့အချိန်လုပ်စရာလေးတွေရှိတော့ ကောင်းတာပေါ့"

" အဲ့ဘူးထဲမှာ ပန်းပင်စိုက်ဖို့ လိုအပ်တဲ့အရာလေးတွေထည့်ပေးထားတယ် " Dream က သတိပေးလိုက်တယ်။

George ဘူးကိုကောက်ယူလိုက်ပြီး အထဲကိုရှာကြည့်လိုက်တော့ ပြတ်တောင်းတောင်းလက်ရေးသော့သော့တွေနဲ့ရေးထားတဲ့ စာလေးတစ်စောင်တွေ့တယ်။

" တော်တော်လှတဲ့လက်ရေး"

" ဟေ့..မနောက်နဲ့လေ..ငါက အရင်ကတည်းက လက်ရေးလှတဲ့ထဲမပါဘူး"",Dream ကရယ်ရင်းပြန်ဖြေလိုက်တယ်။

George က စာရွက်ကိုဖတ်လိုက်ရင်း "ငါလည်း ညမနက်ခင် လိုအပ်တဲ့ပစ္စည်းတွေသွားဝယ်လိုက်အုံးမယ် "

Dream သက်ပြင်းချလိုက်မိတယ်။သူတစ်ယောက်တည်း George အချိန်ပေးတာခံချင်နေလို့မရမှန်းသိပေမယ့် တကိုယ်ကောင်းဆန်ချင်မိတယ်။ဒါပေမယ့် သူလဲသူ့ဘဝနဲ့သူပဲလေ..

" အင်း..နောက်မှဖုန်းထပ်ခေါ်လို့ရလား"

" အားမအားတော့မသေချာသေးဘူး..ဒါပေမယ့် မင်းခေါ်ရင်တော့ကိုင်ပါ့မယ်",George ကုတ်အင်္ကျီကိုဝတ်လိုက်ပြီး ကားသော့ကိုယူလိုက်ရင်းပြောလိုက်တယ်။

" ဒါဆို..ဒါပဲနော်..George",ဖုန်းကနေတဆင့် Dream ကနှုတ်ဆက်တယ်။

" ဘိုင့်..Dream" လို့ပြောပြီး ဖုန်းချကာ အိမ်ပြင်မှာရှိတဲ့သူ့ကားဆီကို ဦးတည်ခဲ့တယ်။

ဒရိုင်ဘာခုံမှာထိုင်လိုက်ပြီး ဖုန်းထည့်တဲ့ခွက်ထဲမှာသူ့ရဲ့ဖုန်းထည့်လိုက်ကာ..

Flowers From 1970-DreamNotFound (mmtran)Where stories live. Discover now