A Happy Family

21 3 2
                                    


2020 ခုနှစ်မှာလူဖြစ်လာခဲ့လို့ George ကျေးဇူးတင်မိတယ်။
ဒီလိုအင်တာနက်တွေရှိနေလို့ တစ်ခုခုမလုပ်တတ်ရင်တောင် ဖုန်းတစ်ချက်နှိပ်လိုက်ရုံနဲ့ ဆယ်မိနစ်အတွင်းသင်ယူနိုင်နေပြီ။
အဲ့လိုအထောက်အကူတွေအသင့်ရှိနေရဲ့သားနဲ့ ပြဿနာဖြစ်နေတာက သူကိုယ်တိုင်။စိုက်ပျိုးနည်းပေါင်းစုံကြည့်ပြီးတာတောင်မှ ခုထိနားမလည်နိုင်သေးဘူး။သူ့အိမ်ရှေ့ကဖြတ်သွားတဲ့ကားတွေအတွက်တော့ မြင်ရတာကြောင်တောင်တောင်နိုင်နေလိမ့်မယ်ထင်တယ်။သူစိတ်မရှည်ဟန်သက်ပြင်းချလိုက်ရင်း ဆံပင်တွေကိုလက်နဲ့ဖွပြစ်လိုက်တယ်။ပန်းပင်စိုက်တာဒီလောက်ပဲခက်ရသလား။

" Karl တော့ ဘယ်လိုစိုက်တယ်မသိဘူး"

George တစ်ယောက်တည်းတိုးတိုးရေရွတ်လိုက်ပြီး မြေခဲတွေကိုချေမွနေမိတယ်။ဟိုတစ်ခေါက်အမှတ်တရဘူးရှာဖို့မြေတူးနေတုန်းကသူ့ကိုစိုက်ကြည့်နေခဲ့တဲ့လူကြီးက အခုလည်းသူ့အိတ်ဆောင်မှတ်စုစာအုပ်ထဲမှာ အသည်းအသန်ချရေးနေပြန်ပြီ။နောက်တော့ သူGeorge ကိုစိုက်ကြည့်လိုက်ပြီး သူ့ဆီလျှောက်လာတယ်။
George ထိတ်လန့်စပြုလာပြီ။ဘာလို့ဒီလူက သူ့ဆီလျှောက်လာနေတာလဲ။သူကဘယ်သူကြီးလဲ။
George တွေးနေတုန်းမှာပဲ ထိုလူကသူ့ရှေ့ရောက်လာပြီး hoodie ခေါင်းစွပ်ကိုချွတ်လိုက်တော့ ရွှေကိုင်းမျက်မှန်နဲ့ခေါင်းစွပ်ဦးထုပ်ဆောင်းထားတဲ့ လူလတ်ပိုင်းတစ်ယောက်ဖြစ်မှန်းသိလိုက်ရတယ်။

" နည်းနည်းဒုက္ခရောက်နေတယ်ထင်တယ်..ကျွန်တော်ဘာကူညီရမလဲ"

George သူ့ကို သံသယမျက်လုံးနဲ့အကဲခတ်လိုက်တယ်။
အိမ်ရှေ့ကနေဖြတ်သွားတဲ့လူတစ်ယောက်က သူ့ပန်းစိုက်နေတာကို ဘာလို့အရင်းတနှီးနဲ့လာမေးနေတာလဲ။

"အာ..ဒီတိုင်း ဘယ်ကနေစလုပ်ရမလဲမသိနေလို့"

ထိုလူက ပန်းအိုးရှေ့မှာဒူးထောက်ထိုင်ချလိုက်ရင်း

" ကျွန်တော့်နာမည် Wilbur ပါ။Wilbur Soot။တစ်အိမ်ကျော်လောက်မှာ ကျွန်တော့်သားနဲ့အတူတူနေတယ်"

ကလေးအဖေတစ်ယောက်ဖြစ်မှန်းသိလိုက်ရတော့ George အနည်းငယ်စိတ်သက်သာရာရသွားတယ်။

" George Davidson ပါ",သူတို့လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။

" အစ်ကို့ရဲ့သားလေးက အသက်ဘယ်လောက်ရှိပြီလဲ"

Flowers From 1970-DreamNotFound (mmtran)Onde histórias criam vida. Descubra agora