Arc 11 part 6

23 2 0
                                    

      ဂိုဏ်းချုပ်နှင့် မျက်နှာချင်းဆိုင်ကာ ရေနွေးကြမ်းသောက်နေရင်းမှ William သည် သူ့၏ဆရာသခင်ကို ယုံမှတ်ပြီး ဂိုဏ်းချုပ်နှင့် လာတွေ့မိသည့်အတွက် နောင်တရနေသည်။ ဘာမှမသိသည့် လူတစ်ယောက်အပေါ် အခွင့်ကောင်းယူနေမိသလို ခံစားရသောကြောင့်ဖြစ်သည်။

    ဒါကိုပင် သူစိတ်လှုပ်ရှားနေသည်ထင်သော မူလကိုယ်က ဆရာတစ်ယောက်က တပည့်ကို ဖျောင်းဖျနေသည့် လေသံမျိုးဖြင့် William ကို နှစ်သိမ့်နေသေးသည်။

    "မပူနဲ့ မင်းကို ဒီဆရာလို့ထင်နေသရွေ့ သူ အကုန်ပေးလိမ့်မယ်။"

    ဂိုဏ်းချုပ်၏စူးရှသော မျက်ဝန်းများက William ကို ခေတ္တစူးစိုက်ကြည့်ပြီးနောက် သက်ပြင်းမောချကာ တစ်ခွန်းမေးလာသည်။

    "ရွှယ်ပင်း မင်းတကယ်ပဲ အဲ့ဒီကျင့်စဉ်စာအုပ်ကို လိုချင်တာလား။"

    ရွှယ်ပင်းဆိုသည်မှာ သူ့ဆရာသခင်အမည်နာမဖြစ်နိုင်သည်။ အခုလိုကျတော့လည်း ဂိုဏ်းချုပ်နှင့် အငယ်ဆုံးတောင်သခင်လေးက အရမ်းကိုရင်းနှီးကျွမ်းဝင်ပုံရသည်ဟု ထင်ချင်စရာရှိသည်။

     မူလက William နံဘေးတွင်ရပ်နေသော ရွှယ်ပင်းသည်လည်း ဂိုဏ်းချုပ်ထံမှ အခုလို သူ့နာမည်ခေါ်သံကိုကြားလိုက်ရတော့ သူတို့၏ငယ်ရွယ်စဉ်ကာလဆီသို့ ပြန်ပြောင်းရောက်သွားသလို ခံစားလိုက်ရကာ ကိုယ်တိုင်ပင် မသိလိုက်ပါဘဲ ဂိုဏ်းချုပ်၏အနားသို့ တိုးကပ်မိသွားသည်။ အိုမင်းမှုနှင့်ဇရာကို ကျင့်ကြံရေးလောကတွင် မြင်တွေ့ရန်မဖြစ်နိုင်ပေ။ မင်းကိုယ်တိုင် နုပျိုဖို့ရွေးချယ်လို့ရနေမှတော့ ဘာလို့အိုမင်းရင့်ရော်လာမှာကို ဒီတိုင်း ထိုင်ကြည့်နေဦးမှာလဲ။

    သို့သော် ကျောက်စိမ်းလမင်းဂိုဏ်း၏ ဂိုဏ်းချုပ်သည် ဆံပင်တွေက ငွေရောင်ဖြူစွတ်နေကြပြီး ရေးရေးမျှပေါ်နေသော အရေးအကြောင်းများကြောင့် လူငယ်လေးဟု မြင်ရန်ခက်ခဲစေသည်။ ကြီးပြင်းလာပြီးနောက် ဂိုဏ်းတစ်ဂိုဏ်းကို တာဝန်ယူအုပ်ချုပ်ရသည်ကလည်း လွယ်ကူသည့်ကိစ္စတော့ ဟုတ်ပုံမပေါ်ပါ။

     "ခင်ဗျား အိုမင်းလာနေပြီ ဂိုဏ်းတူအစ်ကို။" ဒါပေမဲ့ ကျွန်တော်ကတော့ သေဆုံးပြီးသွားပြီ။ သူတို့နှစ်ယောက်ရဲ့ နောက်ဆုံးစကားဝိုင်းက ဘယ်လိုမျိုး မုန်တိုင်းထန်ပြီး နာကျင်စရာကောင်းခဲ့လဲပြန်တွေးမိတော့ ရွှယ်ပင်း ကိုယ့်ကိုယ်ကိုယ် ရူးမိုက်လွန်း၍ အပြစ်တင်မိရသည်။ တကယ်တော့ ကျွန်တော်က ခင်ဗျား ကတိတည်မှာကို စောင့်နေခဲ့တာ။ ဂိုဏ်းချုပ်ရာထူးနှင့်သူတွင် ဘယ်တစ်ခုက ပိုအရေးပါလဲသိချင်ခဲ့ပုံရသည်။

How to flirt with the final boss 2Where stories live. Discover now