Ch 1
တောင်ကုန်းကြီး တစ်ဝက်လောကိဆောက်ထားတဲ့ အရမ်းကြီးကျယ်ခန်းနားတဲ့အိမ်ကြီးရှေ့ကားတစ်စီးရောက်လာကာ ကားထဲကအရမ်းချောမောတဲ့ ကောင်လေးတစ်ယောက်ဆင်းလာသည်။
16 17လောက်ဘဲရှိသေးတဲ့ကောင်လေးကကျောင်းယူနီဖောင်းကိုဝတ်ထားရင်း လွယ်အိတ်ကိုလျှော့ရဲရဲလွယ်ကာ အိမ်ထဲဝင်လာတော့အိမ်စေတွေကသခင်ကိုနှုတ်ဆက်လိုက်ပြီး ဖိနပ်ချွတ်ကာ အကုန်လုပ်ပေးနေသည်။
"မေမေတို့ရော"
"သခင်မကြီးက အလုပ်ကိစ္စနဲ့ UKထွက်သွားပါတယ် နက်ဖြန်ပြန်ရောက်ပါမယ်"
"အင်း"
မိုးသားထက်မြတ် အိမ်ပေါ်ကိုတက်လာကာ အခန်းထဲဝင်ပြီး ရေချိုးသည်။ ပြီးတော့ညစာဆင်းစားရင်း စာလုပ်ဖို့စသည်။
ဖုန်းကိုထုတ်လိုက်တော့ အတန်းgroup chatထဲ နွေကျောင်းပိတ်ရင် လုပ်မဲ့ဟာတွေဆွေးနွေးနေကြပြီးထိုထဲမှ အမျိုးအိမ်သွားလည်မှာဆိုတဲ့ တစ်ခုကသူ့ကိုဖမ်းစားသွားသည်။မိုးသား စာအုပ်စင်ကိုသွားကာ album တစ်ခုကိုထုတ်လာခဲ့၏။
ထို့နောက်တစ်ရွက်ချင်းလှန်ကာ ကြည့်လိုက်တော့ ကလေး၂ယောက်ပုံတွေချည်း။
ထိုထဲမှ စိမ်းပြာရောင်မျက်လံုးေတွနဲ့ကောင်လေးကအထင်ရှားဆုံး။သူ့ကိုကိုကိုမတွေ့ရတာအတော်ကြာနေတာမို့ တွေ့ချင်သည်။တွေ့ရင်လည်း သူ့ပေါင်ပေါ်ထိုင်ခိုင်းကာ ဖြူဖြူအုအုအသားအရေလေးပေါ် သူပိုင်ဆိုင်ကြောင်းတွေပြချင်သည်။
။။။
"သားကျောင်းပိတ်ရင် မန်းလေးခြံကိုသွယးချင်တယ်"
ထိုစကားကြောင့် မိဘ၂ပါးရဲ့ဇွန်းခရင်းတွေကရပ်သွားပြီး သူ့ကိုကြည့်လာ၏။
"ဒါပေမဲ့ သားနွေသင်တန်းတွေတက်ရအုံးမှာလေ"
"ဟင်အင့် သားခေါင်းက စာတွေကြောင့် ပူထူနေပြီ နောက်ပြီး သားကကုမ္ပဏီစာတမ်းတွေလည်းလုပ်ရသေးတယ် ဒီထက်ပိုလုပ်ရရင် သားလက်လျှော့လိုက်တော့မှာ"
"ရတယ်ရပါတယ် သားသွားချင်ရင်လည်းသွားကြတာပေါ့"
"မေမေတို့ သုံးလလုံးသွားနေပါ့မယ်"
"အင်း"
ရည်ရွယ်ချက်ပြည့်သွားတဲ့ မိုးသား အစွယ်တွေထွက်လာအောင်ပြုံးရင်း မနက်စာစားလိုက်သည်။
။။။။
တစ်နေရာရာကခြံကြီးမှာတော့ မျက်ဝန်းပြာလေးအလုပ်ရှုပ်နေသည်။ဒီနေ့ဖေဖေတို့လာမှာမို့ သူ့မှာတစ်အိမ်လုံးကိုရှင်းကာ ညစာပါချက်ထားလိုက်သည်။
ပြီးတော့ ညစ်ပတ်နေတဲ့ကိုယ်ကိုရေချိုးသန့်စင်ရင်း မေမေတို့ကိုစောင့်နေလိုက်သည်။
ခနနေတော့ ဈေးကြီးပေးရတဲ့ကားတွေကအိမ်ထဲဝင်လာကာ ရိမ်းအရှေ့ရပ်သွားကြ၏။
အကြင်နာရိမ်းအပြင်ကိုပြေးထွက်ကာ မေမေတို့ကိုသွားကြိုရသည်။မေမေကနုနယ်နေတုန်း။
"အဲ့တာတွေကသူတို့သယ်မှာပါ လာပါအုံး"
မေမေခေါ်လို့လက်ထဲကပစ္စည်းတွေချပြီးရင်ခွင်ထဲဝင်တော့ဟိုကိုင်ဒီစမ်းနဲ့မေမေကအားရပုံမပေါ်။
"ပိန်သွားတယ် ကျောင်းစာကအဲ့လောက်ခက်လို့လား"
"မခက်ပါဘူး မေမေရဲ့။ စာမေးပွဲရှိလို့နည်းနည်းပိန်သွားရုံတင်ပါ"
သူ့ကိုကြည့်ပြီးအားမရပုံရတဲ့မေမေကြောင့် ရိမ်း ပြုံးကာ အဆင်ပြေကြောင်းပြောရသည်။
ခနနေတော့ ကားထဲက လူချောလေးထွက်လာကာ သူ့ဆီရောက်လာပြီးစုံဆန်ကြည့်နေသေးသည်။
"မိုးသား တောင်ကြီးလာပြီဘဲ"
ရိမ်းပြောလိုက်တော့ ကောင်လေးက သူ့ခန္ဒာကိုယ်ကြီးမှ အားမနာ ရိမ်းကို အားရပါးရဖက်လိုက်သည်။
"အာ့!"
"ကိုကို့ကိုအရမ်းသတိရတာဘဲ ။သားကိုတောင်လာမတွေ့ဘူး"
အရပ်အရှည်ကြီးကိုခေါက်ချိုးထားပြီး မျက်နှာညိုးငယ်စွာပြောလာသောကြောင့် ရိမ်းရယ်ရင်း ခေါင်းလေးပုတ်ပေးလိုက်သည်။
နောက်တော့အိမ်ထဲဝင်ကာ ရိမ်းနဲ့စကားတွေပြောကာ ညစာစားကြပြီး ညနေခင်းအစကိုဤသို့ ဖြတ်သန်းခဲ့၏။
နောက်တော့ဖေဖေနဲ့မေမေကတော့ အလုပ်များလွန်းတာကြောင့် အလုပ်ခန်းထဲဝင်ပြီး ပြန်ထွက်မလာကြတော့။
ခြောက်သွေ့နေတဲ့အိမ်က ရုတ်တရက်ကြီး ဆူညံလာတော့ရိမ်းမနေတတ်။ သူ့ကို စိမ်ပြေနေပြေထိုင်ကြည့်နေတဲ့ မိုးသားရှေ့မှာ ဟိုလုပ်လုပ်ဒီလုပ်လုပ်။
။။။