(အပိုင်း-1)💞

83 4 0
                                    

ဟီ...ဒီနေ့မှာမြနဲ့မောင်နဲ့တွဲလာတာ3နှစ်ပြည့်ပြီ။
နေ့ထူးနေ့မြတ်လေးမို့မောင်နဲ့တူတူဘုရားသွားမည်။ရုပ်ရှင်ကြည့်မည်...ပြီးလျှင်မေမေတို့နှင့်လည်းထမင်းတူတူစားမည်...
ဒါကမြရဲ့စိတ်ကူးနေပေါ့~~

"တီ...တီ"

အတွေးကောင်းတုန်းဆီသေးတယ်...မောင့်ဆီကဖုန်းဆက်လာပြီ...မြဖုန်းကိုကိုင်၍ညင်သာနူးညံ့သောအသံထားဖြင့်...

"ဟလို....မောင်"

"မြ...ဒီနေ့မောင်တို့ရဲ့3years anniversaryပါ...မောင်တို့အပြင်မှာ dateကြရအောင်လေ"

"ဟီ...မောင့်သဘောပါရှင်..."

"ဒါဆို မောင်တို့တွေ့နေကြ coffeeဆိုင်လေးမှာစောင့်နေမယ်"

"ဟုတ်...မြအလှဆုံးပြင်ပြီမြန်မြန်လာခဲ့မယ်နော်...မောင်စောင့်နေ"

"ဟုတ်ပါပီဗျာ"

"တီ~~တီ~~"

ကဲ...မောင်နဲ့တွေ့ရမာမိို့အရင်ကထက်ပို၍လှလှပပပြင်ဆင်သွားသင့်သည်။အစိမ်းနုရောင်ဇာသားထူထူရင်ဖုံးလေးကိုဝတ်ပီးမြစိမ်းရောင်ထဘီလေးနဲ့ဆံနွယ်တွေကိုလည်းလှပစွာနောက်ပြန်စည်းထားသည်။မိတ်ကပ်ပါးပါးလေးနှင့်ပန်းနုရောင်နှုတ်ခမ်းနီကိုခပ်ပါးပါးမျှသာဆိုးထားသည်။

မြနဲ့မောင်ကအသက်မကွာပေ...။စတွဲခတည်းက မောင်ကမြအပေါ်နာလည်မှုတွေအပြည့်အဝပေးခဲ့တယ်...ဖေဖေနဲ့မေမေတိို့ကလည်းတွဲတာကိုသဘောတူပါရဲ့...။
ခုလည်းအောက်ထပ်ဆင်း၍မေမေကိုနောက်ကနေသိုင်းဖက်ကာ

"သမီးလေ...ဘယ်သွားမလို့လဲ"

သမီးဖြစ်သူရဲ့မျက်နှာကအပျော်တွေကြူးနေတာဒေါ်တင်ထားတစ်ယောက်ကြည့်လိုက်ရုံဖြင့်သိနိုင်သည်။မြကလည်းအပျော်တွေမထိန်းနိုင်အောင်ဖြစ်၍...

"ဟို မောင်နဲ့သွား dateမလို့~~"

"အော်...သွားလေကွယ်...ဂရုစိုက်သွားနော်"

"ဟုတ်ကဲ့ပါမေကြီး ပြီးတော့..."

"ပြီးတော့?ဘာလဲသမီးရဲ့"

"ပြီးတော့ ဒီနေ့ကသမီးနဲ့မောင်ရဲ့ ၃နှစ်ပြည့်လေ"

"အမေလေးတော်...ညည်းတို့လူငယ်တွေပဲမှတ်မိလွန်းကြတယ်..."

Love Of Mine💞Where stories live. Discover now