၇၅၃။ ရန်တိုင်းပြည် (၄)

381 40 1
                                    

၇၅၃။ ရန်တိုင်းပြည် (၄)

သူတို့ မျက်လုံးများက ရထားလုံးမှ ခံ့ညားတင့်တယ်စွာ ထွက်လာသော အပြစ်အနာအဆာ ကင်းမဲ့၍ မယုံကြည်နိုင်ဖွယ် ချောမောသော မျက်နှာပိုင်ရှင်အပေါ်မှာ ကပ်ငြိသွားကြသည်။ သူက အရပ်မြင့်မား၍ သွယ်လျသော ခန္ဓာကိုယ်အချိုးအစားရှိသည်။ သူ့ရုပ်သွင်က တင့်တယ်ခံ့ညားသည်။ ရက်ရက်စက်စက် ချောမောသော မျက်နှာမှ မိစ္ဆာဆန်သော အပြုံးက လူတိုင်း၏ နှလုံးသားကို အပြင်းအထန် ခုန်သွားစေသည်။

သူက အနည်းငယ် ကျဉ်းမြောင်းထားသော မျက်လုံးများဖြင့် ရထားလုံးထဲ မတုန်မလှုပ် ကြည့်နေသည်။ သူ့မျက်လုံးများက ယစ်မူးစေသော ဝိုင်လို သူတို့ကို ညှို့ယူဖမ်းစားသွားသည်။ နူးညံ့သေးသွယ်သော ပုံရိပ်လေးက သူဆင်းပြီးနောက် လိုက်ပါဆင်းသက်လာသည်။ ထိုလူငယ်က ဆယ့်လေးနှစ် သို့မဟုတ် ဆယ့်ငါးနှစ်ပတ်လည်သာ ရှိဟန်တူသည်။ သူ့သွင်ပြင်က သပ်ရပ်ပြီး ကြည့်ပျော်ရှုပျော် ရှိသည်။ သို့သော် ထိုအရင်ဆင်းလာသူနှင့် မည်သို့မျှ ရုပ်သွင်ချင်း နှိုင်းယှဉ်လို့ မရပေ။

အရင်ဆုံး ဆင်းလာသည့် လူက ပြုံး၍ သူ့လက်ကို လူငယ်ထံ ဆန့်တန်းပေးလိုက်သည်။ သူ့ကို ရထားလုံးမှ ဆင်းသက်နိုင်ဖို့ ကူညီပေးခြင်း ဖြစ်သည်။ သူ့လက်ကို မြှောက်လိုက်တိုင်း, သူ့လှမ်းလိုက် ချလိုက်တိုင်း, အသက်ရှူမှားလောက်အောင် ခံ့ညား၍ ကျက်သရေရှိလွန်းသည်။

လှပသော ပန်းချီကားချပ် တစ်ခုလိုပင်......

လူငယ်အချို့ ရထားလုံးများမှ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြသည်။ အနည်းငယ် အသက်ကြီးကြဟန် ရသည်။ သို့သော် တစ်ယောက်ချင်းစီက အလွန် ချော‌မော၍ ဆွဲဆောင်အားကောင်းကြသည်။ ပထမဆုံး ထွက်လာသည့် လူငယ်လောက် မချောမောကြသော်လည်း သိသိသာသာ ဆွဲဆောင်အားကောင်းသော ရုပ်သွင်များကို သူတို့ ပိုင်ဆိုင်ထားကြသည်။ ထိုအထဲတွင် ချောမောသော မိန်းကလေးတစ်ယောက် ပါဝင်လာသည်။

ပြီးခဲ့သည့်နှစ် လိပ်ပြာတိုက်ပွဲတွင် လေညင်းကျောင်းတော်က အတော်အတန် ကောင်းမွန်သော အဆင့်ကို ရရှိခဲ့သည်။ ထို့ကြောင့်ပင် တခြားကျောင်းတော်များကို အများအပြား အာရုံစိုက်သွားစေခဲ့သည်။ သို့သော် လေညင်းကျောင်းတော်၏ အခုနှစ် ပြိုင်ပွဲဝင်များအားလုံးက သူတို့နှင့် မရင်းနှီးသော မျက်နှာစိမ်းများ ဖြစ်နေကြသည်။

ပါရမီရှင်သမားတော်(၂)Where stories live. Discover now