" သူလေးတောင်ကြီးလာတယ်နော် "
ရုတ်တရက် ဟာအိုပြောလိုက်မိတာကို ဟန်ဘင်းလည်း ကြောင်သွားပြီး အူကြောင်ကြောင် ရုပ်လေးနဲ့ ကြည့်လိုက်မိတယ်
" အမ် ဟာအိုလေးက moshi ကိုတွေ့ဖူးတာလားဟင်"ဟာအိုလည်း သူ့ချစ်သူလေးကို ဆက်ပြီး မဖုံးကွယ်ချင်တော့တာနဲ့ အရင်က အကြောင်းလေး ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်
" ကိုယ်ဟန်ဘင်းနီးကို ပြောစရာရှိတယ် "
ဟာအိုပြောလိုက်တော့ ဟန်ဘင်းလည်း
" moshi သွားဆော့တော့နော် " လို့ ပြောပြီး moshi လေးကို ပြန်လွှတ်ပေးလိုက်ပြီး သူက ဟာအို့ မျက်နှာချင်းဆိုင် ခုံမှာ ဝင်ထိုင်လိုက်တယ်ဟာအိုက ပြောစရာရှိတယ်ဆိုပြီး လေးလေးနက်နက် ပြောတော့ သူ့ချစ်သူလေး ပြောမှာကို တလေးတစား နားထောင်ချင်တယ်လေ
" အင်း ဟာအိုလေးပြော "
ဟာအို မပြောခင် ရေခွက်ထဲက ရေလေးမော့သောက်ပြီး လည်ချောင်းရှင်းလိုက်တယ်
ပြီးတော့ မျက်လွှာလေး ချထားပြီး ဖုန်းထဲက တခုခုကိုရှာနေတယ်တွေ့သွားတော့ သူရှာနေတာလေးကို ကြည့်ပြီး တချက်ပြုံးသွားတယ် ပါးမို့မို့လေးတွေ လုံးတက်လာပြီးတော့ပေါ့
နားရွက်ဖျားလေးတွေကတော့ ရဲနေတယ်" ဟန်ဘင်းနီး ဒီပုံလေးကိုကြည့်လိုက် ရော့ "
သူ့ဖုန်းလေး ဟန်ဘင်းလက်ထဲ ထိုးပေးလိုက်တယ်ဟာအိုပြတဲ့ ပုံလေးကို ကြည့်ပြီး ဟန်ဘင်း အံ့ဩပြီး မျက်လုံးလေးတွေ ပြူးသွားတယ်
ပုံထဲမှာ သူက moshi လေးကို ချီပြီး ဒီဆိုင်ရှေ့မှာ ရပ်နေတယ်
Moshi က အဲ့ပုံထဲမှာ သေးသေးလေး ပဲရှိသေးတယ်
သူ့ရင်ဘတ်ထဲမှာ ငြိမ်လို့
သူက moshi လေးကို ကြည့်ပြီး အားရပါးရ ပြုံးနေတယ်
ပုံအောက်ကထောင့်လေးမှာ note လေး ရေးထားတာ
" My Hanbinnie " တဲ့" ဟာအို ဒါက ဘယ်လို "
" အင်းအဲ့ပုံလေးက ကိုယ်ကိုယ်တိုင် ရိုက်ထားတာလေ ကိုယ့်အတွက် အရမ်းအဓိပ္ပါယ် ရှိတဲ့ ပုံလေးပေါ့
ပြီးခဲ့တဲ့ အချိန် နှစ်နှစ်ခွဲ လုံး ဟန်ဘင်းနဲ့ ပြန်မဆုံခင် ကိုယ်စိတ်ညစ်တဲ့အချိန်တိုင်းပင်ပန်းတဲ့အချိန်တိုင်း အဲ့ပုံလေးကို ကြည့်ပြီး အားယူခဲ့ရတာလေ
အဲ့ထဲက ကောင်လေးကတော့ မသိဖူးပေါ့
ဒါပေမဲ့ ခုတော့ အဲ့ကောင်လေးက ကိုယ့်ရှေ့ကိုရောက်နေပါပြီ
YOU ARE READING
Be Mine 🎈🤍
FanficBinhao FanFic from Zero-cola Jie Jie 🌷Written in Burmese ❤️ 🎀အပြင် life ကအကြောင်းအရာလေးတွေ သူတို့ကြိုက်တတ်တာလေးတွေ moment လေးတွေကို အမှတ်တရအနေနဲ့ ထည့်သွင်းရေးသားထားတဲ့ fanfic လေးပါ🌸 💕Pure BinHao 💕