Endless Responsibility
Volume - 1 [Something's Mysterious]
Chapter - 3(Tomb of The Master of Ice Ages)
အဆုံးမဲ့တာဝန်
အပိုင်း - ၃(ရေခဲခေတ်အရှင်၏သင်္ချိုင်း)"အမ်...။မစ္စတာ ချွန်းက ပြည်တော်ပြန်တစ်ယောက်လား။"
လီလီအာ့ ၏အံ့ဩသံသေးသေးလေးကိုစမ်းရေသံတို့ကဖုံးလွှမ်းသွားသည်။နောက်အားလုံးက အီလီ့ ရဲ့စကားဆက်မည်ကိုစောင့်နေကြ၏။သို့သော် အိုးမာ ကတော့
"[အန်တိုင်း] တဲ့လား။...တစ်ခါမှတော့မကြားဖူးတဲ့နာမ်မည်တစ်ခုဘဲ"
ဟုဆိုလိုက်ရာ အီလီ က
"ဟုတ်တယ်...။ခင်ဗျားတို့မကြားဖူးဘူး။ခင်ဗျားတို့တင်မဟုတ်ဘဲအဲ့နာမ်မည်ကိုဒီကမ္ဘာပေါ်ကဘယ်သူမှကြားဖူးမှာမဟုတ်ဘူး"
"အင်းးး။ကျွန်တော်တို့ဂိုဏ်းကအရမ်းလျှို့ဝှက်တယ်။တည်ထောင်ပြီးကတည်းကနှစ်ပေါင်း၉ထောင်ကျော်ပြီအခုမှသူတို့ကတံခါးဖွင့်တာ။"
အ့။ဟုတ်တယ်။အဲ့တာဘဲ။ငါ့ကိုသူကိုကသန်မာတယ်လို့ထင်နေကြတယ်။အဲ့တော့အဲ့ပုံရိပ်ကိုပျက်စီးစေလို့မဖြစ်ဘူး။ငါမသိတာတွေများနေရင်သံသယဖြစ်လာလိမ့်မယ်။ဒီဟာကကာဗာယူဖို့အေကာင်းဆုံးအချက်ဘဲ...
အီလီ့ မျက်လုံးတွေအရောင်လက်သွားသည်။
"ပြောရရင်တကယ်တော့ကျုပ်ဒီတောထဲရောက်နေတယ်ဆိုတာလမ်းမှားလာခဲ့တာ။တံခါးပိတ်ဂိုဏ်းတစ်ခုကနေလာခဲ့တော့ဒီနေရာတွေကိုမရင်းနီးဘူးလေ"
အီလီ သူ့ဘဝနှစ်ခုပေါင်းရဲ့ပထမဦးဆုံးစကားကိုများများပြောဖူးချင်းကအထစ်အငေါ့နည်းနည်းနှင့်ဆက်လက်နေသည်။သို့သော်လည်းသူ့ကာဗာကိုသူကိုယ်တိုင်ဖျက်စီးမိမည်ကိုတော့သူ့ကြိုတွေးထားမိမည်မဟုတ်သည်ကသေချာပါသည်။။အိုးမာ တို့အုပ်စုကတော့နေ့လည်းစာကိုမေ့ပြီး အီလီ့ စကားလုံးတိုင်းကိုပါးစပ်အဟောင်းသားနဲ့နားထောင်နေကြ၏။
အီလီ သူ့အစီအစဉ်ထဲကဂိုဏ်းကြီးကို အိုးမာ တို့အားစကားလုံးအမျိုးမျိုးနဲ့ပုံဖော်ပြနေသည်။
[အန်တိုင်း] ဆိုတဲ့ဂိုဏ်းကနှစ်ပေါင်း၉ထောင်ကျော်သက်တမ်းရှိတဲ့တံခါးပိတ်ဂိုဏ်းတစ်ခုပါ။ဂိုဏ်သားတွေကအလွန်စွမ်းအားကြီးကြပေမဲ့အပြင်ကမ္ဘာကြီးရဲ့သတင်းတွေကိုသူတို့တစ်ခုမှမသိကြပါဘူး။
ချွန်း ဘေခ်ယွန်း ဟာတော့၎င်း [အန်တိုင်း] ရဲ့ဂျူနီယာဂိုဏ်းသားတစ်ယောက်ပေါ့။
YOU ARE READING
အဆုံးမဲ့တာဝန် - [ Endless Responsibility ]
Mystery / ThrillerReview... ဒါကဇွဲကြီးလှတဲ့လူသားတစ်ယောက်အကြောင်း။ ရှေးဟောင်းကြွေရုပ်ထုကြီးတစ်ခုကိုအမြဲထာဝရလိုက်ရှာနေခဲ့တဲ့လူတစ်ယောက်ရဲ့ရာဇဝင်ပေါ့။ ရာဇဝင်လို့ပြောပေမဲ့အခုတောင်သူကအဲ့ရှေးကြွေရုပ်ထုဟောင်းကြီးကိုလိုက်ရှာရင်ရှာနေအုံးမှာ...ဒါမှမဟုတ်တွေ့ရင်လည်းတွေ့သွားလောက်ပ...