Part 19

4.2K 355 28
                                    

Unicode

"ဗညားရော .. မမ"

"အစောကြီးပဲ အပြင်ထွက်သွားတယ်၊ လမ်းထိပ် တဲ့"

မနက်ပိုင်းအလုပ်မသွားခင် ဗညားထွဋ်ခေါင်ကို အိမ်မှာမတွေ့တာမို့ မေးကြည့်တော့ မမက ထမင်းချိုင့်ထည့်နေရင်းက ပြန်ဖြေသည်။ မနက်အစောကြီး အရေးတကြီးထွက်သွားရအောင် ဘာကိစ္စတွေများ ရှိနေတာလဲ မသိပါ။ ဇင်မင်းဆီသွားတာပဲ ဖြစ်မည်။ သူ့မှာ တခြားသွားစရာမှ မရှိဘဲ။

Ring ... Ring ... Ring

"Hello ..."

ထူးထူးဆန်းဆန်း ကိုမင်းသူဆီက ဖုန်း၀င်လာတာမို့ ဘာများအရေးကြီးပါလိမ့်ဟုတွေးကာ ဖုန်းကိုင်လိုက်တော့ -

"ကိုခန့်ရေ ... ငါ ဘယ်ကနေ စပြောရမှန်းတောင် မသိဘူးကွာ"

ကိုမင်းသူအသံက အားတုံ့အားနာ ဖြစ်နေပုံလည်းရပြီး၊ စကားကို ရှေ့မဆက်ဘဲ ရပ်ထား၏။

"ပြောလေ ဆရာ၊ ဘာဖြစ်လို့လဲ"

ကိုမင်းသူက "အေးကွာ" ဟု စကားခံကာ ဆက်ပြောလာသော စကားတို့ကို နားထောင်ပြီး၊ ဘာပြန်ပြောရမှန်းမသိအောင် အံ့ဩသွားရသည်။ ပိုင်ခန့်ကို ဘာမှ ပြန်မပြောတာကြောင့် ကိုမင်းသူက အားနာသလို စကားကိုဆက်သည်။

"ငါလည်း ဘယ်လိုမှ မတတ်သာလို့ပါ ကိုခန့်ရာ၊ သူတို့လို လူတွေနဲ့ သွားမငြိတာတော့ အကောင်းဆုံးပဲ"

"ရပါတယ် ဆရာ၊ ဘာမှမဖြစ်ပါဘူး၊ ကျွန်တော် ထွက်လိုက်ပါ့မယ်၊ ဇာနည်တော့ မပါဘူးမလား"

"ထွက်လိုက်မယ်" ဆိုသော စကားကြောင့် ထင်သည်။ မမက မော့ကြည့်သည်။

"‌ဇာနည်တော့ မပါဘူး၊ ကိုခန့်ရာ ... ငါ အဆင်ပြေအောင် အားလုံးလုပ်ပေးမယ်၊ ငါ့ကို နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်ကွာ"

"ရတယ် ဆရာ၊ စိတ်ထဲမထားပါနဲ့"

"ငါ တခြားမှာစရာရှိတာတွေ ဇာနည်နဲ့ မှာလိုက်မယ်နော်"

၀ပ်ရှော့ကို တစ်ရက်တောင် ထပ်မလာစေချင်တော့တဲ့ ပုံစံမို့၊ "ဟုတ်ကဲ့" ဟုသာ ပြန်ပြောရင်း ဖုန်းချလိုက်သည်။

"ဘာဖြစ်တာလဲ"

"ဘာမှမဖြစ်ပါဘူး၊ မမ အလုပ်သွားတော့လေ"

Magic Hides My ManWhere stories live. Discover now