❤မောင့် Jimin❤

837 77 5
                                    

Unicode





"မောင်.....!!!!...."

ထိတ်လန့်တကြားအော်ဟစ်သံနဲ့အတူ နိုးထလာတဲ့ Condo တိုက်ခန်းအကျယ်ကြီးထဲက ဖြူဖြူဖွေးဖွေး ကောင်လေးတစ်ယောက်....။ အိပ်ယာပေါ်ကနေ မှန်တွေနဲ့ကာရံထားတဲ့ ပြတင်းတံခါးကိုကျော်ကြည့်လိုက်တော့ လျှပ်စီးတဝင်ဝင်း မိုးကြိုးတလက်လက်နဲ့ ညအချိန်အခါက ကြောက်မက်ဖွယ်ရာအတိ...။

ချွေးတွေနဲ့နိုးထလာတဲ့ ညနက်တွေတိုင်းက အမြဲတမ်းမိုးတွေရွာနေတတ်တယ် မောင်...။

"မောင်ပြောသားပဲ...အိပ်တော့မယ်ဆိုရင် လိုက်ကာတွေ ဖြည်ပါလို့...ခုတော့ မောင့် Jimin လေး လန့်နိုးနေရပီမလား..."

ပါဖောင်းဖောင်းလေးထက် မျက်ရည်စီးကြောင်းလေးက သိပ်နာကျင်ရကြောင်းသက်သေ...။

"ဟုတ်ပါရဲ့....ကိုယ် မောင့်စကားကိုနားမထောင်လိုက်တာ ခုလန့်နိုးနေရပီ..."

အဖြေစကားကိုပြုရင်း Jimin ကုတင်ကြီးပေါ်က မြန်မြန်ဆင်းပီး ပြတင်းလိုက်ကာတွေအကုန် လိုက်ဆွဲဖြည်လိုက်သည်...။ ညအိပ်မီးလေးပဲထွန်းထားတဲ့ အခန်းကျယ်ကြီးက အိပ်ယာနေရာကလွဲရင် ကျန်တဲ့နေရာတွေက မှောင်မိုက်မိုက်....။

အံဆွဲထဲရှိ Cigarette ဘူးထဲက စီးကရက်တစ်လိပ်ကိုယူကာ မီးညှိပီး Jimin ရှိုက်လိုက်သည်...။

တစ်ရှိုက်...

နှစ်ရှိုက်....

"Cigarette တွေက မင်းကျန်းမာရေးအတွက်မကောင်းဘူးလို့ မောင်ပြောခဲ့တယ်နော် မောင့် Jimin...နားထောင်စမ်းကွာ..."

စီးကရက်ကိုင်ထားတဲ့လက်ကလေးတွေ တုန်ခနဲ.....။

"ကိုယ်က သိပ်ဆိုးတယ်မဟုတ်လားမောင်..."

ဖျော့တော့တော့အပြုံးလေးနဲ့Jimin ဒီလိုပြောတော့ မောင်က ခေါင်းလေးရမ်းကာပြုံးသည်...။ မောင့် Jimin ကိုတော့ မနိုင်ဘူးဆိုတဲ့အပြုံးမျိုးလေး...။ မောင့်စကားကို ဘယ်တုန်းကမှ မလွန်ဆန်ခဲ့တဲ့သူမို့ ပြာခွက်ထဲ သောက်လက်စဆေးလိပ်ကို ခပ်မြန်မြန်ပဲဖိထိုးချေချလိုက်သည်....။

ကျွန်တော့မောင်ကလေ သိပ်ချစ်ဖို့ကောင်းတာ...။ မောင့်မူပိုင်မျက်ဝန်းဝိုင်းဝိုင်းလှလှလေးတွေက သိပ်ကိုတောက်ပတာ...မောင့်မျက်ဝန်းထဲကြယ်တွေလင်းလက်နေသလိုမျိုး...။ ရယ်မောလိုက်ရင် ထွက်ပေါ်လာတတ်တဲ့ ယုန်သွားဖြူဖြူလှလှလေးတွေက ပုလဲလေးတွေစီတန်းထားသလို မောင်နဲ့သိပ်လိုက်ဖက်တာမျိုး...။ ပိရိသေသပ်တဲ့ နှုတ်ခမ်းပါးလေးအောက်က မှဲ့နက်ကလေးကတော့ ကျွန်တော် Park Jimin ရဲ့ မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော် Jeon Jimin ရဲ့ ကျရှုံးရာတင်မက လွတ်မြောက်ရာနယ်မြေအပိုင်းအခြားလေး....။

You've reached the end of published parts.

⏰ Last updated: Dec 09, 2023 ⏰

Add this story to your Library to get notified about new parts!

❤မောင့် Jimin❤ //OneShort Complete//Where stories live. Discover now