အခန်း ၂၀
ကံမကောင်းစွာပင် ထုန်လုသည် အိမ်အကူပြောနေသည်ကို မကြားလိုက်ရပေ။ သူမသည် အိမ်ကြီးမှအလျင်အမြန် ထွက်ခွာသွားခဲ့သည်။
ယခုကဲ့သို့အရေးကြီးသည့်ပွဲမှ စေတနာ့ဝန်ထမ်းလုပ်ရန် ဘဝမှာပထမဆုံးအကြိမ်ဖြစ်နေသည်မို့ audition နဲ့ လေ့ကျင့်ရေးသင်တန်းကို တစ်လကြာတက်ရောက်ခဲ့ရသည်။ သူမသည် APEC ၏နောက်ခံ၊ စေတနာ့ဝန်ထမ်းတစ်ဦး၏အလုပ်နယ်ပယ်၊ နိုင်ငံတကာအစည်းအဝေးတစ်ခုအတွင်း အသုံးပြုသည့် အင်္ဂလိပ်အသုံးအနှုန်းများ၊ ကိုယ်ရေးကိုယ်တာပုံနှင့် အရေးပေါ်တုံ့ပြန်မှုကဲ့သို့သော အကြောင်းအရာများကို လေ့လာသင်ယူခဲ့သည်။ အခုတော့ အစည်းအဝေးက စတင်နေပြီ။
ထုန်လုသည် သူမ၏ လက်မောင်းလက်တန်းများကို လေထဲတွင် စိတ်လှုပ်ရှားစွာ မြှောက်ပင့်လိုက်ပြီး အပေါ်နှင့် အောက်ကို စုပ်လိုက်သည်။
"APEC၊ကျွန်မ ရှင့်အတွက် အဆင်သင့်ဖြစ်နေပြီ!"
အစည်းအဝေးတွင် ထုန်လုသည် ဧည့်သည်များကို ၎င်းတို့၏ထိုင်ခုံနေရာသို့ ပို့ဆောင်ရန် တာဝန်ရှိသူဖြစ်သည်။ သူမ လျှောက်လှမ်းသည့်လမ်းမှ သူမပြုံးသည့်ပုံစံအဆုံး အရာအားလုံးကို ပြီးပြည့်စုံအောင် အစွမ်းကုန်ကြိုးစားခဲ့သည်။ သူမ ဦးဆောင်ခဲ့တဲ့ လူဘယ်နှစ်ယောက်ကို မေ့သွားခဲ့ပေမယ့် လာရောက်သူတွေထဲမှ ရှီးယန် ဖြစ်ဖို့ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
"လုလု မတွေ့တာတော်တော်ကြာပြီ"
“ကြာပါပြီ။ ဘယ်တုန်းက ပြည်တွင်းကို ပြန်လာတာလဲ"
ထုန်လုသည် မိမိတာဝန်အား မလွတ်စေချင်တာကြောင့် ထွက်ပြေးရန်နည်းလမ်းပေါင်းစုံစဉ်းစားခဲ့သည်။ သူမက ရှီးယန်ကို မသိမသာယဉ်ကျေးစွာ တုံ့ပြန်နေရသည်။
"ငါ ဒီကို ပြန်ရောက်တာ တစ်လလောက်ရှိပြီ။"
ရှီးယန်က သူမကို မမှိတ်မသုန်နဲ့စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေသည်။ နေရောင်ကြောင့် တောက်ပလင်းထိန်နေသော သူမဘေးပရိုဖိုင်သည် သပ်ရပ်လှပနေသည်။ သူက အနည်းငယ် ခပ်ယဲ့ယဲ့ပြုံးပြနေပေမဲ့ ထုန်လုက သူ့မျက်လုံးကို မကြည့်ဝံ့ပေ။ လွန်ခဲ့သည့် လေးနှစ်က နိုင်ငံတကာ ဖုန်းခေါ်ဆိုမှု ပေးသောအခါတွင် သူမအား သူအော်ဟစ်ကြိမ်းမောင်းခဲ့ပုံကို သူမ သတိရနေမိသည်။