ⓙⓤⓢⓣ ② ⓗⓞⓤⓡⓢ

142 37 5
                                    

"ကောင်းပြီ နှစ်နာရီလောက်ပဲ ငါနေမယ် နှစ်နာရီ ပြည့်တာနဲ့ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ဘယ်သူ့ကိုမှ မပြောနဲ့ ဟုတ်ပြီလား?"

ဟျွန်းဂျင်က စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြပြီး မင်ဟိုကို သူ့ဆိုဖာသေးသေးလေးပေါ် ဆွဲခေါ်ကာ ထိုင်ခိုင်းစေတယ်

"ငါတို့ဘာလုပ်ကြမလဲ ငါအရင်ကတည်းကနေ အခုထိ တစ်ယောက်ယောက်နဲ့ ချိန်းမတွေ့ဖူးဘူး"

ဟျွန်းဂျင်က တခစ်ခစ်ရယ်ပြတော့ မင်ဟို သူ့ရဲ့ ကခုန်ချင်စိတ်ပေါက်နေတဲ့ အပြုံးနဲ့ ပြန်ပြုံးပြလိုက်တယ်

"တစ်ယောက်နဲ့တစ်ယောက်သိရအောင်လား?"

ချစ်စရာကောင်းတဲ့ အကောင်ငယ်လေးကို သူရှာတွေ့ပြီးသွားပြီဖြစ်လို့ သက်တောင့်သက်သာ ဖြစ်မိတာ ထင်တယ်

"ကောင်းပြီ ငါ့နာမည်က ဟွမ်ဟျွန်းဂျင် ငါက ၂၁နှစ် လူတွေက ငါ့ကို ferret နဲ့တူတယ်လို့ ပြောတာပဲ"

မင်ဟိုက တခစ်ခစ်ရယ်ကာ ဟျွန်းဂျင်က ferret တစ်ကောင်လို ဖြစ်နေတယ်ဆိုတာ သဘောတူကြောင်းခေါင်းညိ့တ်ပြတယ်

"အင်း... ငါက အီမင်ဟို အသက်က၂၅ ပြီးတော့ မင်းသိတဲ့အတိုင်း ရာဇဝတ်သားပဲ"

ဟျွန်းဂျင်က နှုတ်ခမ်းစူကာ ခေါင်းခါလိုက်တယ်၊ နောက်ပြီး မင်ဟိုမျှော်လင့်မထားတဲ့မေးခွန်းကို လက်ပိုက်ကာ မေးချလိုက်တယ်

"မင်းကဘာလို့ ရာဇဝတ်သားလဲ"

ဟျွန်းဂျင်က သူ့ကို ကြောင်ကြည့်နေတဲ့ မင်ဟိုကို စိုက်ကြည့်နေတယ်

"ငါ မသိဘူး...."

"ကောင်းပြီ အကြောင်းပြချက်တစ်ခုရှိရမယ် မင်းမကောင်းတာတွေကို မလုပ်လို့ရတယ်လေ ဒါပေမယ့် မင်းဘာလို့လုပ်တာလဲ?"

မင်ဟို သက်ပြင်းချလိုက်တယ်၊ သူ့အိတ်ကပ်ထဲက ဖုန်းကိုထုတ်ကြည့်တော့ မနက် ၁ နာရီ ၄၅ မိနစ်လောက်ရှိပြီ၊ ဟျွန်းဂျင်ကို သူ့ဇာတ်လမ်းကို ပြောပြဖို့ ၁ နာရီ ၄၅ မိနစ် အချိန်ရသေးတယ်

𝘼𝙘𝙘𝙪𝙨𝙚𝙙 𝙗𝙮 𝙈𝙞𝙧𝙖𝙘𝙡𝙚 Where stories live. Discover now