"Rosé...? ဒီမှာဘာလုပ်နေတာလဲ"
မမှတ်မထင် Jisoo နဲ့ Rosé တို့ Luxury Hotel တစ်ခုမှာတွေ့သွားကြသည် Jisooကတော့ မိတ်ဆွေတစ်ယောက်နဲ့လာတာဖြစ်ပြီး Roséကတစ်ယောက်ထဲသာဖြစ်သည်။
"အော Jisooပါလား ကျွန်မဒီHotelက spa ကိုလာရင်း ညစာပါတစ်ခါထဲဝင်စားလိုက်တော့မလို့ Jisooကရော"
Jisooဟာ Roséကိုပြန်မဖြေခင် သူ့မိတ်ဆွေကို အနားကပ်၍တစ်ခုခုကိုတိုးတိုးလေးပြောသည် Jisooနဲ့အတူပါလာတဲ့အဲ့မိန်းကလေးထွက်သွားတော့ RoséကJisooဘာပြောလိုက်လဲဆိုတာ နားလည်သွားသည်ထင်သည် အရင်ပြန်ခိုင်းလိုက်သည်ထင်၏ ထို့နောက် Jisooက Roséထိုင်နေသည့်စားပွဲမှာ ထိုင်လိုက်ပြီး ပြန်ပြောသည်
"ကျွန်မကမိတ်ဆွေတစ်ယောက်နဲ့ Dinner လာစားတာပါ"
"ဟုတ်လား စားပြီးကြပြီလား အေးဆေးထိုင်ပါဦး Jisoo ရဲ့သူငယ်ချင်းကိုရောခေါ်လိုက်လေ"
Roséက Jisooထပ်အရင်ထွက်သွားသော Jisooရဲ့သူငယ်ချင်းကို ကြည့်ပြီးမေးလိုက်သည် Rosé ဟာသူ့ဗီဇအတိုင်း ပေါင်းသင်းဆက်ဆံရေးအလွန်ကောင်းလွန်းသည် တစ်ချိန်ထဲမှာပဲ Jisooတွေးလိုက်ပြန်သည်
'Lisa လောက်တော့မဆိုးသေးပါဘူး'
"ထားပါစေ သူ့ကိုညစာလာကျွေးတာ သူ့မွေးနေ့မလို့လေ သူ့အိမ်ကမျှော်နေပြီ သူအရင်ပြန်လိမ့်မယ်"
"ဟုတ်ပါပြီ Jisooကတော့ နေပါဦး ကျွန်မ Dessert မှာထားတယ် တူတူစားကြတာပေါ့"
ပြောရင်းဆိုရင်း အချိုပွဲများရောက်လာသည် ကြည့်လိုက်တော့လည်းအစုံပါသည် Cream filled donut, oreo ice cream နှင့် macarons, cakes မျိုးစုံပါရှိသည် Rosé ကဒီလောက်အစားကြီးတဲ့လူဆိုတာ Jisooမသိခဲ့ပါ။
"Blueberry juice 2ခွက်လောက်ထပ်ပေးပါနော်"
Rosé ကထပ်မှာလိုက်ပြန်သည် စားပွဲပေါ်က သရေစာမျိုးစုံကိုကြည့်ပြီး Rosé ကပိုက်ဆံတွေလျှောက်ဖြုန်းနေတယ်ဆိုသည့် အတွေးကဝင်လာသည် မုန့်တွေကအများကြီး သူကုန်ပါ့မလားဆိုပြီး နှမြောမိသေးသည်
"Rosé က ဒါတွေကိုတစ်ယောက်ထဲကုန်လို့လား"
"ကုန်ပါတယ် Jisooပါတော့ပိုကောင်းတာပေါ့ စားဦးလေ"
YOU ARE READING
Loco
Fanfictionကိုယ်ရူးသွပ်နေတာ မင်းကြောင့်ပဲလေ ဟာဝိုင်ရန်လေးရဲ့ [Jenlisa] [Chaesoo]