The Sketch

14 3 0
                                    


Dream တစ်ယောက် George ဆီကို ဘာလုပ်နေလဲသိရအောင် ဖုန်းဆက်လိုက်ပေမယ့် အတော်ကြာတဲ့အထိဖုန်းကိုင်မလာဘူး။

" ဟယ်လို Dream "

"George.." Dream ပြုံးလိုက်ရင်း..

" ဆောရီးပါကွာ..မနေ့ကဖုန်းမခေါ်ဖြစ်လိုက်ဘူး..ငါ နည်းပြလုပ်ပေးနေတဲ့ကလေးတွေအသင်း အဲ့နေ့က ပြိုင်ပွဲလေးရှိလို့လေ..အလုပ်ရှုပ်နေတာနဲ့"

George အစကတော့ကြောင်သွားပေမယ့် နောက်မှ Dream ကဘေ့စ်ဘောနည်းပြလုပ်တယ်ဆိုတာ အမှတ်ရသွားတယ်။

" အခြေအနေဘယ်လိုလဲ... နိုင်ခဲ့လား"

Dream ကခပ်လွင်လွင်ရယ်လိုက်ရင်း..

"အမှန်တိုင်းပြောရမလား..ငါတို့အသင်းကအပြတ်အသတ်ကိုရှုံးခဲ့တာ"လို့သူဝန်ခံလိုက်တယ်။

" ကလေးတွေက ငယ်လည်းငယ်သေးတော့ ကောင်းကောင်းမကစားနိုင်ကြဘူး..ကလေးတစ်ယောက်ဆိုရင် တစ်ဖက်အသင်းကကောင်လေးကို ဆိုဒါဘူးနဲ့ပစ်ပေါက်လိုက်လို့ မိဘတွေနဲ့တောင် ငါ ပြဿနာတက်သွားသေးတယ်"

Dream တစ်ယောက် မလုံမလဲနဲ့ ကလေးမိဘတွေကိုရှင်းပြတောင်းပန်နေတဲ့ပုံကို မြင်ယောင်ကြည့်ရင်း George ရယ်ချင်လာတယ်။

" ဘယ်လိုဖြစ်သွားလဲ နောက်တော့"

Dream ကအသံထွက်အောင်သက်ပြင်းချလိုက်ရင်း

" ငါ့ကိုအလုပ်ထုတ်ပစ်မယ်လို့ခြိမ်းခြောက်သွားတယ်လေ။ ဆိုဒါဘူးနဲ့ပစ်ပေါက်ဖို့ ငါက တမင်ခိုင်းပါတယ်ဆိုပြီး။နောက်တော့မှ ကလေးတစ်ယောက်ကလာပြောတာ...တစ်ဖက်အသင်းကအဲ့ကောင်လေးကို ဘဲခြေထောက်ကောင် လို့ခေါ်ပြီး မြေပဲတွေနဲ့ပစ်ပေါက်လို့ ဟိုကစိတ်ဆိုးပြီးပြန်လုပ်တာတဲ့..တကယ်ဒေါသထွက်စရာပါကွာ"

အသင့်စားပေါက်ပေါက်ထုပ်ကို မိုက်ခရိုဝေ့ဖ်ထဲပြန်နွှေးဖို့ထည့်လိုက်ရင်း George ရယ်လိုက်တယ်။

" ဟိုဖက်အသင်းကသူတွေကို ဘာလုပ်လိုက်ကြလဲ"

" ဘာမှမလုပ်ကြဘူး..သူတို့ဖက်ကဒုက္ခမရောက်ပေမယ့် ငါ့အသင်းက ကလေးက ကစားခွင့်ရပ်နားခံလိုက်ရတယ်"

" မတရားလိုက်တာ ",George မျက်မှောင်ကြုံ့လျက် သူ့လက်သည်းသူကလိနေရင်း ဘေးကစားပွဲပေါ်ကိုမှီလိုက်ကာ ပြောတယ်။

Flowers From 1970-DreamNotFound (mmtran)Opowieści tętniące życiem. Odkryj je teraz