နွေရာသီရဲ့အပူရှိန်ပြင်းသော နေ့လည်ခင်းချိန်မှာ ကောင်လေးတစ်ယောက်ဟာ အလောတကြီးဖြင့်စက်ဘီးကို နင်းနေသည်။ သူ၏ခရီးပန်းတိုင်ကိုမရောက်သေးသရွေ့ နင်းနေသောအရှိန်ကိုလျော့မည်မဟုတ်ပေ။ စောင့်နေသောသူကြောင့် လောနေတာတော့တပ်အပ်မဟုတ်ပါ။ ချွေးစီးတွေဟာ နဖူးမှအဆက်မပြတ်စီးကျနေပေမဲ့ ဂရုမစိုက်နိုင်ပေ။ နောက်ဆုံးမှာတော့ သူရဲ့ပန်းတိုင်ဖြစ်သော ဂိမ်းဆိုင်လေးကိုရောက်ရှိလာလေပြီ။ ထိုတော့မှသက်ပြင်းချနိုင်ကာ စက်ဘီးအားမြန်²ပင်သော့ခတ်လိုက်ပြီး ဆိုင်ထဲသို့ရောက်သည်နှင့် သူငယ်ချင်းများရှိရာဆီသို့လျှောက်သွားလိုက်သည်။
ထိုင်ခုံတွင်ပစ်ဝင်ထိုင်ကာ ချွေးများကိုလက်ခုံဖြင့်သာ ပြီးစလွယ်သုတ်ချလိုက်ရင်း ခဏအနားယူဖို့စဥ်းစားလိုက်ပေမဲ့ ထိုင်ခုံဘေးမှစိတ်မရှည်သောအကြည့်များသည်စရောက်ထဲက တောက်လျှောက်စိုက်ကြည့်နေသည်မို့ လက်ချောင်းတွေကို ကီးဘုတ်ရှိခလုတ်တွေဆီသို့သာပို့လိုက်ရင်း...။
"ဆောနူးရေ...အမေ့ကိုဒီအသီးတွေလာကူတင်ပေးပါဦး"
ညနေပိုင်းစျေးထွက်ချိန်ကိုမေ့ကာ သူငယ်ချင်းများနဲ့ဆော့လို့ကောင်းနေသောကလေးသည် မိခင်ဖြစ်သူ၏လှမ်းအော်သံကြောင့် အပြေးအလွှားဖြင့်သစ်သီးခြင်းများအား တွန်းလှည်းပေါ်သို့တင်ပေးနေသည်။
"အမေစျေးထွက်တော့မယ်..အိမ်မှာပဲနေနော်..လမ်းပေါ်ထွက်ဆော့မနေနဲ့ ကြားလား သား"
"ဟုတ်ကဲ့ပါ မေမေ"
"အမေစိတ်ချမယ်နော်..ညီမလေးကိုလဲကြည့်ဦး"
"ဟုတ်ကဲ့အမေ...စိတ်ချလက်ချသွားပါ"
ဆောနူးမှာမဆော့ရတော့သဖြင့် အိမ်ထဲသို့ပြန်ဝင်ကာ အပျင်းပြေစေရန်တီဗွီအားဖွင့်လိုက်ပြီး လာသမျှအစီအစဥ်ကိုသာလိုင်းပေါင်းစုံပြောင်းကာလျှောက်နှိပ်ကြည့်နေလိုက်သည်။
ညနေစောင်းသို့ရောက်သော် အီဟီဆွန်းနဲ့သူ့ သူငယ်ချင်းများလဲ ဂိမ်းပွဲကိုအဆုံးသတ်လိုက်ကြကာ နှုတ်ဆက်လမ်းခွဲလိုက်ကြသည်။
ဟီဆွန်းတို့သားအမိမှာ ဒီရပ်ကွက်သို့ပြောင်းလာသည်မှာမကြာသေးပေ။ စာမေးပွဲကြီးဖြေဆိုပြီး နွေရာသီကျောင်းပိတ်ရက်အတွင်းမှာပဲရွေ့ပြောင်းခဲ့ကြတာမို့ အလုပ်တော့မရှုပ်ခဲ့ပါ။ တစ်ခုဆိုးသည်မှာသူငယ်ချင်းများနဲ့ဝေးကာကျောင်းပြောင်းတက်ရမည်ပင်...။ အရင်နေခဲ့သောကျောင်းမှာလက်ရှိအိမ်ဖြင့်အလှမ်းဝေးကာ Busကားစီးရမည်ဖြစ်သောကြောင့်အနီးအနားရှိကျောင်းသာတက်ရန် အကုန်လုံးမှာဝိုင်းပြောကြနေသဖြင့် တစ်မိသားစုလုံးနဲ့တစ်ယောက်ဖြစ်နေတာကြောင့် ဟီဆွန်းမငြင်းနိုင်ခဲ့။ နောက်နှစ်လလောက်ဆို ကျောင်းအသစ်တွင် ၁၂တန်းတက်ရတော့မည့် သူ့ပုံစံကိုကြိုတင်ကာစိတ်လှုပ်ရှားနေမိရင်း...
YOU ARE READING
Ⓛⓞⓥⓔ 𝐀𝐭𝐭𝐞𝐧𝐭𝐢𝐨𝐧 ≪𝖧𝖾𝖾𝗌𝗎𝗇≫
Fanfictionဆောနူးဘဝမှာ ကံအကောင်းဆုံးနေ့ကတော့ အကိုနဲ့ ပထမဆုံးတွေ့ခဲ့တဲ့ နွေရာသီရဲ့ညနေခင်းလေးရယ် ဒီနေ့ရယ်ပါပဲ..