Ep - 10

387 62 21
                                        

ကော်ဖီဆိုင်မှာ ဆွန်းဟန်ဘင်းက မက်သရူး နဲ့ သူတို့လုပ်နေသည့် project အကြောင်းဆွေးနွေးနေကြသည်။ တိုက်တိုက်ဆိုင်ဆိုင် ဒီသာလိကာ ကောင်နဲ့ ဘယ်လိုလုပ် မက်သရူး ယူသည့်မေဂျာ တူသွားမှန်း ဟန်ဘင်း မတွေးတတ်တော့...။

ပထမအကြိမ် တွေ့တုန်းက ဟန်ဘင်း ခံစားချက်တွေ သိပ်မဆိုးရွားသေးသော်လည်း မြင်ပါများလာတော့ ဆောင်းဟန်ဘင်း တို့ မနာလိုရလွန်းလို့ သွေးတွေပွက်ပွက်ဆူနေရသည်။ ဒီမှာ ဟန်ဘင်း တစ်ယောက်ရှိ နေပြီလေ.. နောက်ဟန်ဘင်း နဲ့ သူငယ်ချင်းဖွဲ့စရာလိုသေးလို့လား....။

ပြီးတော့ သူ ကတော့ ကျောင်းပိတ်ရက်လေး အေးအေးလူလူ နှစ်ယောက်တည်း တွေ့ဖို့ ကြံရွယ်ထား ကာမှ.. ဆော့မက်သရူး တို့က သူနဲ့ ဒိတ်မယ့်နေရာတွင် ဆွန်းဟန်ဘင်း ကိုပါ ခေါ်ပြီး စာလုပ်နေရသည့် ဆော့မက်သရူး ကို ဆွဲဖက်နမ်းပစ်လိုက်ချင်သည်။

" ယူဂျွန်.. ထားလိုက်.. ငါ ယူသွားလိုက်မယ်.."

မက်သရူး တို့ ဝိုင်းကို မှာထားသည့် သောက်စရာလေး သွားပို့သည့် အချိန်ပိုင်းကောင်လေး ကို ဟန်ဘင်း လှမ်းတားရင်းပြောလိုက်သည်..။

" ဘယ်တော့ ပြီးကြမှာလဲ !..."

သူတို့စားပွဲခုံ ပေါ် ဗန်းကို ဆောင့်ချ ပြီး မေးလိုက်မှ မက်သရူး က သူ့ကို မော့ကြည့် ပြီး ခဏလေး စောင့်ဦး လို့ ပြောလာတော့ ဆောင်းဟန်ဘင်း တစ်ယောက် မက်သရူး ကို မဲ လို့မရတော့.. ဒါကြောင့် ပစ်မှတ်ပြောင်းကာ ဆွန်းဟန်ဘင်း ကို ဂျိုကြည့်ကြည့်လိုက်တော့ အရိပ်သုံးပါး နားလည်သွားသည့် ဆွန်းဟန်ဘင်း နောက်မှ ဆက်လုပ်ကြဖို့ ပြောပြီး ခပ်သွက်သွက်ပင် ပစ္စည်းတွေသိမ်းကာ ဆိုင်ထဲက သုတ်ခြေတင်ပြီး ပြေးသွားတော့သည်..။

"ဆွန်းဟန်ဘင်း က တခြား လူလည်းမဟုတ်ဘူး.... ဘာဖြစ်နေတာလဲ.."

ကော်ဖီ ဆိုင်ရဲ့အပေါ်ထပ်ကို တက်နေရင်းနဲ့ မက်သရူးက သူ့ကိုပွစိပွစိ လုပ်နေသည်..။

"မသိဘူး.... ငါ့ကို ပေးမယ့်အချိန် သူများကို ခွဲပေးနေရတာကို မကြိုက်ဘူး... သူနဲ့စာလုပ်မယ်ဆိုလည်း... ငါတွေ့မယ် ချိန်းတုန်းကတည်းက မင်းငြင်းလိုက်လေ..."

Definitely To YouWhere stories live. Discover now