Maybe or Maybe Not

175 11 0
                                    

ငါတို့နှစ်ယောက်ရဲ့ပုံပြင်က မပြီးဆုံးသေးပေမဲ့
ဝေးကွာမှုတွေက ငါတို့ကြား ပိုကြီးစိုးလာခဲ့တယ်

ကြိုးစားအားထုတ်မှုတွေလည်း မလိုအပ်တော့ပါဘူး

နောင်တတွေနဲ့ဒွန်တွဲနေတဲ့အမှတ်တရတွေကို ဒီမှာပဲ
ချန်ထားခဲ့ကြရအောင်

မင်းကိုလွမ်းဆွေးနေရခြင်းကသာ ဒီပုံပြင်ရဲ့
ဇာတ်သိမ်း

ဒါကို ကစားပွဲတစ်ခုလို့ပဲ သတ်မှတ်လိုက်ပါ့မယ်

ငါတို့ရဲ့ ချစ်ခြင်းပုံပြင်က ပြီးဆုံးသွားခဲ့ပြီလေ ငါတ်ို့ဟာ တစ်စိမ်းတွေ တစ်ဖန်ပြန်ဖြစ်သွားခဲ့ပြီ

ငါတို့ တစ်ယောက်နဲ့ တစ်ယောက် မသိဟန်ဆောင်ကြတာပေါ့

မင်းတစ်ယောက်တည်း ပျံသန်းနိုင်ဖို့ လွှတ်ပေးလိုက်ရတာဟာ ဆုံးဖြတ်သင့်တဲ့အရာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်

ငါမရှိတဲ့ ကမ္ဘာမှာ ဖြစ်နေရင်တောင်လေ

မြင်ကွင်းတွေအားလုံးကို ဖြေဖျောက်နိုင်ဖို့ မိုးသောက်တစ်ရီတရောကိုပဲ မျှော်ရတော့မယ်

ငါ့ရဲ့အမှားတွေလို့သာ သတ်မှတ်လိုက်ပါတော့

ငါ့ရဲ့ ဘဝထဲကို ရောက်လာပေးခဲ့လို့ ကျေးဇူးတင်
ပါတယ်

မင်းကို နားလည်အောင် မကြိုးစားမိခဲ့လို့သာ ဒီကစားပွဲမှာ ငါရှုံးခဲ့ရတာပါ

မင်းကို လက်လွှင့်ခဲ့တာက အကောင်းဆုံးဇာတ်သိမ်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်

မင်းရဲ့ နှုတ်ဖျားကနေ ကိုယ့်နာမည်ကို တီးတိုးမဲ့
အချိန်

မင်းလက်ချောင်းလေးတွေနဲ့ ကိုယ့်လက်တွေ ထပ်တူကျမဲ့ အချိန်

မင်း ကိုယ့်ရင်ခွင်ထဲ ခိုဝင်ပြီး ချစ်ခြင်းအလကာ်တွေ အတူခြွေမဲ့ အချိန်

မင်းကို ပြန်တွေ့ခွင့်ရမဲ့ အချိန် မင်းကို ပွေ့ဖက်ခွင့်ရမဲ့
အချိန် မင်းနဲ့အတူတူ ဖြတ်သန်းနိုင်မဲ့ အချိန်တွေ

တစ်ဖန် ရောက်လာနိုင်ပါ့မလား

Maybe or Maybe Not.........

Maybe 或许
———————————————————————

Song recommendation & inspired by LBI (May be Huo Xu)

You've reached the end of published parts.

⏰ Last updated: Dec 10, 2023 ⏰

Add this story to your Library to get notified about new parts!

Maybe 或许 Where stories live. Discover now