🏠 - 03

213 59 7
                                    

             "ကင်မ်ထယ်ရယ်!!! ......"

ရစ်ခီနှုတ်က ကိုယ့်ဘာသာကိုယ် တိုးတိုးခေါ်လိုက်မိသည်။

     "ဟေ့လူ ခင်ဗျားနဲ့မဆိုင်ရင်လစ် ... ခင်ဗျားပါရောအသားမနာချင်ရင် ကိုယ့်လမ်းကိုယ့်သွား ... "

ခေါင်းဆောင်ဖြစ်ဟန်တူသည့်ကောင်လေးတစ်ယာက်ရဲ့စကားကြောင့် ထယ်ရယ် ရယ်လိုက်မိသည်။

     "မင်းတို့က ငါ့လမ်းမှာလာပိတ်နေတာလေ ...အများနဲ့တစ်ယောက်ကြည့်မကောင်းပါဘူး ... နောက်ပြီး ...ငါနဲ့မဆိုင်ဘူးလို့ပြောမရဘူးကွ ...ဘာလို့လဲဆိုတော့ ငါက သူ့အတန်းကသူ့ဆရာလေ .. အဲတော့ ငါ့တပည့်ကိုဝိုင်းအနိုင်ကျင့်နေတာမြင်ရတာ ငါနဲ့မဆိုင်လို့ ဘယ်သူနဲ့ဆိုင်ရမှာလဲ .... "

ရစ်ခီ သူ့ရှေ့က ရပ်ကာ Hoodie အိပ်ကပ်ထဲလက်နှစ်ဖက်ထည့်ပြီးဟန်ပါပါနဲ့ပြောနေသည့် ကင်မ်ထယ်ရယ်အား  ကြည့်လိုက်သည်။ ဟိုတစ်နေ့ကလို စတိုင်အပြည့်နဲ့မဟုတ်ဘဲ Hoodie နဲ့ဆိုတော့ ရုတ်တရက်ကောင်လေးတစ်ယောက်လို့ပဲ ထင်သွားခဲ့တာ။  ငါ့တပည့် ....နားထောင်လို့ကောင်းသားပဲ ရင်ထဲအနွေးလှိုင်းတစ်ခုစီးဝင်သွားတယ်ထင်ရလောက်အောင်။

      "စကားတွေများတယ်ကွာ .လူကြည့်တော့လက်တောက်လောက်နဲ့ ...သူ့ကိုယ်သူဆရာတဲ့ ....သူ့ပါဝိုင်းပညာပေးလိုက် ... "

ထိုကောင်တွေက ထယ်ရယ်တို့ကျောင်းကမဟုတ်လို့ တရားချလည်းမရမှန်းသိတော့ ထယ်ရယ်အကြံအိုက်သွားသည်။ ရစ်ခီရှန်က သိပ်တောာင်မဟန်တော့တာ သူတစ်ယောက်တည်း အနိုင်မချနိုင်ပါ။ ထိုအချိန်သူ့ဆီလာတော့မည့်လက်သီးနဲ့အတူ .....

       "ခနနေအုံး ...."

သူ ပိတ်အော်လိုက်တော့ ကြောင်ပြီးရပ်သွားတာကိုအခွင့်ကောင်းယူကာ ..လက်ထဲကမားဝယ်ခိုင်းသည့် အာလူးထုပ်အား ထိုကောင်တွေစီ ပစ်ပေါက်ရင်း ....

      "ပြေး....... "

ရစ်ခီရှန့်လက် လှမ်းဆွဲကာ ပြေးထွက်လာခဲ့သည်။ သူ့ရပ်ကွက်မို့ လမ်းကြိုလမ်းကြားတို့ကြားပတ်ပြေးရင်း အနောက်ကကောင်တွေကိုရှောင်ရသည်။ မှောင်ရိပ်ကျတဲ့လမ်းကျပ်တစ်ခုရဲ့ နံရံအကွယ်မှာ ရစ်ခီရှန့်ကို တွန်းထည့်လိုက်ရင်း သူ့ကိုယ်လုံးနဲ့ကွယ်လိုက်သည်။ ထိုအချိန် သူတို့အားကျော်သွားကျသော လူအုပ်။ တော်တော်ကြာ အသံမကြားရမှ ထယ်ရယ် သက်ပြင်းချကာ ရှေ့တည့်တည့်မျက်နှာလှည့်မိတော့ ... ဒဏ်ရာတို့နဲ့စုတ်ပြတ်သတ်နေသည့် ရစ်ခီရှန့်မျက်နှာနဲ့ဆုံသည်။ နှစ်ယောက်သား ခနလောက်အမှုမဲ့အမှတ်မဲ့ စိုက်ကြည့်နေရင်းမှ  ....

HOMEWhere stories live. Discover now