မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{part3}U/Z

8.2K 132 5
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮{Unicode}

{အခန်း၃}

လွန်ခဲ့သောအတိတ်

"ခွေ-းကောင်လေး ဘာမှမယ်မယ်ရရမလုပ်ပဲစားဖို့တစ်ခုပဲသိတယ်..သွား သွားအခုချက်ချင်းထင်းသွားကောက် ဒီနေ့ငွေတစ်ရာမရရင်ပြန်မလာနဲ့ ​ေ-သချင်းဆိုးလေး"

မနက်စောစောစီးစီးကြားလိုက်ရသည်က ဒေါ်သီတာအေးရဲ့ဆဲဆိုကြိမ်းမောင်းသံပင်။နာမည်ကသာသီတာအေး လူကမအေးနိုင် အမြဲပူလောင်နေရပြီး အမြဲဆဲဆိုကြိမ်းမောင်းနေလေသည်။

"မသီတာရယ် ကလေးကိုကောင်းကောင်းပြောပါလား စကားပြောတာကလဲကြမ်းလိုက်တာ"

မသီတာအေးရဲ့စကားကြောင့်ဘေးအိမ်ကမသူဇာကဝင်ပြောလိုက်သည်။

"အို..မသူဇာဘာသိလို့လဲ ဒင်းတို့သားဖ​ကတစ်နေ့တစ်နေ့ဘာအလုပ်မှမလုပ်ချင်ဘူး သူ့အဖေဆိုလဲ အရက်ဖိုးလောက်ပဲတောင်းနေတာ ဒီခွေ-းကောင်လေးဆိုရင်လဲ ဘာမှမယ်မယ်ရရမလုပ်ချင်ဘူး"

"သူကအခုမှကလေးပဲရှိသေးတာလေမသီတာ ယ် ကလေးကဘာလုပ်တတ်မှာမို့လဲ..."

"ကလေးဆိုပေမယ့်လုပ်လို့ရတဲ့အလုပ်တွေအများကြီးပါ ဒါတွေမသူဇာမသိပါဘူး...အသာနေပါ...ဟဲ့ကောင်လေး သွားလေ သွား ခိုင်းတာကျမလုပ်ပဲလာရပ်ကြည့်နေတယ် နင့်ကိုဒီနေ့ငွေတစ်ရာမရရင်အိမ်ပြန်မလာနဲ့ပြောထားတယ်နော် ပြန်လာရင်လဲထမင်းမကျွေးဘူးမှတ်"

အပြောကြမ်းသည့်မသီတာအေးစကားကိုကလေးငယ်ကအကြည့်စူးစူးတစ်ချက်ကြည့်၍ အိမ်ထဲမှလှည့်ထွက်သွားလေသည်။

*
*
*

"ကောင်းကင်....ကောင်းကင် ဒီမှာဘာလုပ်နေတာလဲ"

အနားသို့ရောက်လာသည့် ဂါဝန်အဖြူရောင်လေးနဲ့ချစ်စရာကောင်မလေး​ကိုမြင်လိုက်ရမှ ကောင်းကင်စိတ်ထဲပျော်လာရသည်။

"ငါဒီမှာရှိတာနင်ကဘယ်လိုသိတာလဲလမင်း"

"ဒီလိုပဲသိတော့ပေါ့ကောင်းကင်ရဲ့...ဘာလဲနင့်မိထွေးဆိုတဲ့သူနဲ့စကားများလာတာလား"

ထိုအခါကောင်းကင်ကခေါင်းညိတ်ပြလေသည်။လမင်းက ကောင်းကင်လက်ကိုဆွဲ၍

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}Donde viven las historias. Descúbrelo ahora