16

261 46 9
                                    

မျက်လုံးတွေကိုဖွင့်လိုက်သည်နှင့် သိပ်မရင်းနှီးသော နေရာတစ်ခုအား မြင်တွေ့လိုက်ရသည်။
အဖြူရောင်မျက်နှာကြက်မှာ ချိတ်ဆွဲထားတဲ့ ရွှေရောင်မီးဆိုင်းများ။
ကျောပြင်ဆီက နူးညံ့အိစက်တဲ့အထိအတွေ့။
အခုသူဘယ်ရောက်နေတာလဲ။

"နိုးပြီလား"

ရင်းနှီးနေသော အသံချိုချိုလေးသည် Hoseokနားထဲသို့ငြင်သာစွာဝင်ရောက်လာ၏။

"jungkook"

ပြောင်းလဲသွားတယ်။ သူ့ရဲ့ဆံပင်ရှည်တွေမရှိတော့ဘူး။
တိုနေအောင်ညှပ်ထားတဲ့ ဆံပင်ကေနဲ့လည်း သူကလိုက်ဖက်နေတုန်းပဲ။

Hoseokထရပ်ဖို့ပြင်လိုက်ပေမယ့် Jungkookက သူ့အားလှမ်းဆွဲလိုက်ပြီး ဖက်လိုက်သည်မို့ ရင်ခွင်ထဲမြုပ်သွားရသည်။

"jungkook ငါ.

"တောင်းပန်ပါတယ် ကျွန်တော်တောင်းပန်ပါတယ်"

"ဘာကိုလဲ"

"ကျွန်တော်ခင်ဗျားကို ကာကွယ်ပေးရမဲ့တာဝန်ကို ပျက်ကွက်ခဲ့မိတယ်"

"ဟင့်အင်း မင်းမှာအဲ့လိုတာဝန်မရှိပါဘူး ငါ့ကိုလွှတ်"

Hoseokနဲ့သူ မျက်နှာချင်းဆိုင်နီးကပ်လွန်းတဲ့အနေအထားနဲ့ မပ်တပ်ရပ်နေကြပေမယ့် Hoseokသူနဲ့မျက်လုံးချင်းမဆုံးမိအောင် မျက်နှာလွှဲထားလိုက်၏။
သူဆီကရတဲ့ ချိုမြိန်ပြီးမွှေးပျံ့တဲ့အနံ့တစ်မျိုးက Hoseokနှာဖျားဝမှာ ကလူကျီစယ်နေခဲဲ့ပြီး ထိုအနံ့ကိုလည်း Hoseokသဘောကျနေမိသည်။

"Greyနဲ့ပက်သက်ပြီး ကျွန်တော်တောင်းပန်ပါတယ်
သူhyunsooနဲ့ တစ်ဖက်ထဲဖြစ်သွားလိမ့်မယ်ဆိုတာ ကျွန်တော်ကြိုမတွေးမိခဲ့ဘူး"

"ရတယ် သူမဟုတ်လည်း ငါ့ကိုသတ်ဖို့တစ်ခြားတစ်ယောက်ထပ်ပေါ်လာအုံးမှာပဲ ငါဒါမျိုးတွေနဲ့နေသားကျနေပြီ"

ခပ်တွေတွေလေးဖြစ်သွားတဲ့ jungkookရဲ့ မျက်နှာကို သူတစ်ချက်မျှစိုက်ကြည့်ပြီး အကြည့်တွေကိုအမြန်ရုပ်သိမ်းလိုက်တယ်။
သူအခု jungkookနဲ့ မျက်လုံးခြင်းဆုံဖို့ အဆင်သင့်မဖြစ်သေးဘူး။

"Danielရော"

"ပြန်လွှတ်လိုက်ပြီ"

"မရဘူး အခုချက်ချင်း Danielကိုခေါ်ပေး
ငါသွားစရာရှိတယ်"

Innocence But DevilWhere stories live. Discover now