ဟန်ဘင်း ကလည်း ဘာကို ရေးကြီးခွင်ကျယ်လုပ်နေသည်မသိ.. သူ့အဘိုးနဲ့အဘွားကပါ မက်သရူး ကို တွေ့ချင်တာကြောင့် မက်သရူး သူ့အင်္ကျီ ပြန်ပေးမည့်နေ့တွင် သူ့အဘိုး အဘွားနဲ့ နေ့လယ်စာ လိုက်စားဖို့ပါ ဖိတ်သည်..။ သူ့မြေးက မက်သရူးကို ကယ်ခဲ့လို့ ထိခိုက်သွားတာ မဟုတ်ဘူးလား ဘာလို့ ကျေးဇူးတင်လို့ နေ့လယ်စာခေါ်ကျွေးသနည်း..။
" ဟန်ဘင်း နဲ့ ကျွန်တော့်ကြားမှာ နားလည်မှုတစ်ခုခုများလွဲနေသလားလို့.. ဟန်ဘင်း ကနေမှ ကျွန်တော့်ကို ကယ်ခဲ့တာ မဟုတ်ဘူးလား.."
" ဟမ်.. မက်သရူးကမှ ကျွန်တော့်ကို ကယ်ခဲ့တာမဟုတ်ဘူးလား.. ဟင်း ကျွန်တော် ကိုမာဝင်ချိန်ကြာလို့ အမှတ်မှားနေလည်း ဖြစ်နိုင်ပါတယ်.."
*Ring
မက်သရူး ဆက်ပြောချင်ပေမယ့် ဆောင်းဟန်ဘင်း ဆီက ဖုန်းက ထပ်ဝင်လာတာကြောင့် ဟန်ဘင်း နဲ့ စကားစကဖြတ်မှဖြစ်တော့မည်..။
" ငါ အခု သွားစရာလေးရှိသေးလို့ နောက်မှ ငါ ဖုန်းဆက်ပြီး အင်္ကျီ ပြန်ပေးမယ်နေ့ ပြောမယ်နော်.. ငါ သွားပြီနော်.. ဟန်ဘင်း "
မက်သရူး ဖုန်းကို ကောက်ကိုင်ရင်း ကော်ဖီဆိုင်အပြင်ကို ပြေးထွက်လာကာ ဖုန်းကို ကိုင်လိုက်ရသည်..။ မဟုတ်ရင် စနက်တံဖြုတ်ထားတဲ့ ဗုံးကြီးက ပေါက်ကွဲသွားနိုင်သည် မဟုတ်လား..။
" ငါ ပြန်လာနေပြီ... ပြန်လာနေပြီ..."
" ဟက်..ဆော့မက်သရူး... မင်း ပြောတော့ စာကြည့်တိုက်မှာဆို အခုမင်း ဘယ်က ထွက်လာတာလဲ.. စာကြည့်တိုက်က ကော်ဖီဆိုင်ထဲ ပြောင်းဖွင့်ထားတာလား.."
*တီ..တီ
အလောတကြီး ပြန်ဖြေလိုက်ပေမယ့် တစ်ဖက် ဆောင်းဟန်ဘင်းကတော့ သူ့ကို စပြီး ခနဲ့လာသည်..။ ထိုခနဲ့သံအဆုံးမှာတော့ မက်သရူး ကားဟွန်းသံကိုကြားလိုက်ရသည်မို့ မက်သရူး လှည့်ကြည့်လိုက်တော့ ဆောင်းဟန်ဘင်း ကားကို တွေ့လိုက်ရသည်...။
" သေတာပဲ..."
ဖုန်းကို ချကာ ပါးစပ်က ခပ်တိုးတိုးရေရွတ်ကာ ဆောင်းဟန်ဘင်း ကားဆီ လျှောက်သွားနေတုန်း....ခေါင်းထဲကလည်း ဘယ်လို ဆင်ခြေမျိုးပေးသင့်လာဆိုတာ အစီအရီတွေးတောလျက်..။

YOU ARE READING
Definitely To You
FanficBinthew Fanfiction { Start : Nov 10 , 2023 - End : Dec 16 2023 } ဤ FanFiction သည် စာရေးသူ၏ စိတ်ကူးအတွေးသက်သက်သာဖြစ်သည်။မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်လိုစိတ်မရှိပါ။