Description
78 5 1
Unicode
"နင်အဲ့ဒီလူကိုအရမ်းချစ်ခဲ့တာမလား  ??, ဘာလို့အခုမေ့လိုက်တာလဲ"
ဇာတ်လိုက်မ-"ငါဒီအကြောင်းကိုငါ့အစ်မဆီဖွင့်ပြောမိလို့လေ"
-"ဘာလဲ ?,နင့်အစ်မကလည်း အဲ့ဒီလူကိုကြိုက်နေလို့လား?? "
ဇာတ်လိုက်မ-"မဟုတ်ဘူး ,,ငါ့အစ်မငါ့ကိုရိုက်ခဲ့တယ်"
-"နင်စိတ်ဓါတ်ကအရမ်းမာကြောတာ ရိုက်နှက်ရုံလောက်လေးနဲ့ နင်ဒီလိုစိတ်မပြောင်းလောက်ဘူးမလား"
ဇာတ်လိုက်မ-"ဒါပေါ့!, သာမာန်ရိုက်နှက်မှုတွေက ငါ့ဘယ်မှုပါ့မလဲ"
-"နင့်အစ်မက တားမြစ်အတတ်ပညာတွေနဲ့ နင့်ကိုရိုက်နှက်ခဲ့တာလား!!??"
ဇာတ်လိုက်မ-"အမ်??,သူငါ့ကိုညတိုင်း အိပ်ရာပေါ်မှာ ရိုက်နှက်ခဲ့တယ်လေ"
-"!!!"
  ငါဘာလို့တစ်ခုခုမှားနေတယ်လို့ထင်ပါလိမ့်....
🐚🐚🐚🐚🐚🐚
   အန်နာဆိုတဲ့မိန်းကလေးက ၃လောကကပ်ဘေးအဖြစ်အသိအမှတ်ပြုခံထားရတဲ့မိန်းကလေးတစ်ယောက်မို့ သူမလူ့ပြည်မှာနှစ်၂၀လောက်ဘဲနေထိုင်ခဲ့ရပြီး နတ်ဘုရားတွေကိုယ်တိုင်သူမရဲ့ဝိညာဥ်ကိုနုတ်ယူသွားပြီးဝိညာဥ်ပြုပြင်ရေးဌာနမှာ ထိန်းသိမ်းခံထားရသည်။ဒါပေမယ့်တစ်နေ့မှာ ထိန်းသိမ်းမရ စကားနားမထောင်  အချစ်ရူးဇာတ်လိုက်မတွေကို အသိဝင်လာအောင်လုပ်ဖို့ တာဝန်ကျရောက်လာလေတယ်။
"နင်သူ့ကိုမေ့လိုက်"
"ဟင့်အင်း ...သူမှမရှိရင်ကျမအသက်မရှင်နိုင်ဘူး"
"သူ့ဆီမှာတခြားမိန်းမတွေအများကြီးရှိနေတာပဲ ဒါပေမယ့်နင်က နင့်မိသားစုရဲ့မျှော်လင့်ချက်လေ"
"ဟင့်အင်း  ...သူမှမရှိရင် ကျမအသက်မရှင်ချင်ဘူး"
"!!!".
....    တကယ်စကားနားမထောင်ဘူးပဲ......
     စကားနားမထောင်တဲ့ကလေးကိုဘာလုပ်သင့်လဲ ....အဖြေက
"ရိုက်ရမယ်"
အချစ်ရူးနေတဲ့ဇာတ်လိုက်မကို အသိတရားဝင်လာအောင်ရိုက်နှက်မယ်Where stories live. Discover now