Ex

346 13 10
                                    

"Hi Jaehyun ပြန်လာပြီလား ငါမိတ်ဆက်ပေးမို့ သူကဒီနေ့ကစပြီး ငါတို့တိုက်ခန်းမှာ လာနေမယ့်သူ Kim Doyoung တဲ့ သူကလောလောဆယ် တိုက်ခန်းရှာနေတာ လကုန်မှရမယ်ဆိုလို့ အဲ့တာဒီမှာခဏနေမို့ သူ့အလုပ်က ဒီအိမ်နဲ့နီးလို့"

Jaehyun ရုတ်တရက် တိုက်ခန်းထဲဝင်ဝင်လာချင်း အိမ်ရှေ့ခန်းမှာထိုင်နေတဲ့ တစ်ချိန်က သူ့ရည်းစားဟောင်း ပြီးတော့ သူ့ရဲ့အချစ်ဦးကိုမြင်လိုက်ရလို့ လှမ်းနေတဲ့ခြေလှမ်းတွေရပ်တန့်သွားပြီးနောက် Johnny ဆီက မိတ်ဆက်ပေးတဲ့အသံကြောင့်ရုတ်တရက်ဘာပြန်ပြောရမှန်းမသိခင်

"တွေ့ရတာ ဝမ်းသာပါတယ် ကျွန်တော့်နာမည် Kim Doyoung ပါ"

Kim Doyoung သူ့မျက်စိရှေ့မှာရှိနေတဲ့ မထင်မှတ်ထားတဲ့သူကို မြင်လိုက်ရ၍ ကြောင်အနေစဥ် Johnny ရဲ့သံသယအကြည့်တွေကိုရင်မဆိုင်ချင်တာကြောင့် သူကပဲ အရင်နှုတ်ဆက်လိုက်ရသည်။

"ဟုတ်ကဲ့ Johnny Hyung ခဏလောက်"

Johnny Jaehyun လှမ်းခေါ်လိုက်သံကြောင့် Jaehyun အခန်းထဲလိုက်ပါဝင်သွားပြီး

"အင်းပြောလေ Jaehyun"

"သူကHyung နဲ့ဘယ်လိုသိတာလဲ"

"အာ ငါနဲ့အလုပ်အတူတူလုပ်နေတာ မကြာသေးဘူး Company ကိုဝင်တာ ငါ့ Junior ပြီးတော့ ...ငါ့သဘောကျတဲ့သူ"

"ဗျာ"

"ရှူးတိုးတိုး သူမသိစေနဲ့ သိသွားရင်နေရခက်မှာစိုးလို့ တော်ကြာဒီအိမ်မှာတောင်မတည်းပဲနေမှာစိုးလို့"

"အော်"

Johnny ပြောပြီးပြန်ထွက်သွားတော့ Jaehyun အော် လို့ပဲဆိုနိုင်တော့သည် ။ ပြန်တွေ့မယ့်တွေ့တော့လည်း ဒီလိုအနေအထားနဲ့လား

xxxxxxxxx

အဲ့နေ့က Johnny hyung အလုပ်ခရီးနဲ့ဂျယ်ဂျူကျွန်းသို့ တစ်ညအိပ်ခရီးသွားနေတဲ့အချိန် သူတို့တိုက်ခန်းမှာ သူနဲ့ Doyoung နှစ်ယောက်တည်းသာ

Doyoung အလုပ်ကပြန်လာပြီးခေါက်ဆွဲပြုတ်စားမယ်လုပ်တော့ Jaehyunက

"Hyung ဒီမှာတစ်ခါတည်းဝင်စားလိုက်ပါလား ကျွန်တော်ချက်ထားတာ များတယ်နောက်နှစ်ယောက်လောက်ဝင်စားလို့ရတယ်"

Ex ( Jaedo )Where stories live. Discover now