ဂူပိတ်ကျင့်ကြံနေသည့် William ၏အခြေအနေက မဆိုးလှ။ ဒဏ္ဍာရီလာ ရွှေခန္ဓာကိုယ်ကိုရထားရုံသာမက ကျောက်စိမ်းလမင်းဂိုဏ်း၏ အဆင့်မြင့်ကျင့်စဉ်အတွဲလိုက်ကိုလည်း ရထားသေးသည်။ သိပ်မကြာခင်လာတော့မည့် ဂိုဏ်းပေါင်းစုံညီလာခံအတွင် ရွှယ်ပင်းက William ကို ကြိုးစားကျင့်ကြံဖို့ ဖိအားပေးနေခြင်းဖြစ်သည်။ သူတို့၏ ဘုံရန်သူက ထိုနေရာတွင် စောင့်နေသည်မလား။
နေ့ခင်းဘက်မို့ ကျောက်စိမ်းလမင်းဂိုဏ်းသားတွေ၏ဉာဏ်ရည်က ပုံမှန်ထက် လျော့ကျလို့နေ၏။ အေးချမ်းသည့် ဝါးတောထဲတွင် ပျင်းရိအချောင်ခိုနေကြရင်းမှ ရောက်တတ်ရာရာ ပြောဆိုလို့နေကြသည်။ သူ့ဝတ္တုထဲမှ ဇာတ်လိုက်အမျိုးသမီးနှင့် သလင်းဖြူဂိုဏ်းမှနတ်မိမယ်ကို နှိုင်းယှဉ်နေကြသဖြင့် အစ်ကိုမင်က သဘောမကျသလို ပြန်တုံ့ပြန်သည်။
လွန်ခဲ့သည့်နှစ်တွေအတွင်း သလင်းဖြူဂိုဏ်းသည် ကြီးမားသည့်အရှိန်အဝါနောက်ခံအပြည့်နှင့် ထိပ်သီးဂိုဏ်းအဖြစ် ရပ်တည်ခဲ့သည်။ ထိုကဲ့သို့သော ဂိုဏ်းတွင် ရတနာလေးအဖြစ် ကြီးပြင်းလာသည့် ဇာတ်လိုက်မအနေနှင့် ဘာကိုမှ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရဖူးခြင်းမရှိပေ။ အမွှာညီအစ်မဖြစ်သည့် မိစ္ဆာအရှင်သခင်မ misaki ကို ရှင်းပစ်ရာတွင် နောက်ဆုံးဓားချက်ကို ထိုးသွင်းလိုက်ပြီး နာမည်ကောင်းဝင်ယူရာကနေ အခုလိုမျိုး မြှောက်စားခံရတဲ့အခြေအနေအထိရောက်လာတာဖြစ်သည်။
"ကုလားအုတ်က နောက်ဆုံးကောက်ရိုးမျှင်ကြောင့် ခြေကျိုးတာမှမဟုတ်တာ။" အစ်ကိုမင်က ကောင်းကင်ကို မော့ကြည့်ရင်းမှ ပြောသည်။ မိစ္ဆာမျိုးနွယ်ကို အပြတ်ချေမှုန်းခြင်းက သူတော်စင်ဂိုဏ်းတွေအတွက်တော့ အသရေအပြည့်နှင့် အောင်ပွဲဖြစ်သည်။ အခုလိုမျိုး နတ်မိမယ်တစ်ယောက်က ဓားတစ်ချက်လွှဲခုတ်ပြီး နာမည်ကောင်းရသွားသည့်ကိစ္စတွင် ကျန်သည့်ဓားသမားတွေက အသာတကြည်လက်ခံလိုက်သည်တဲ့လား။
"အဲ့သလောက် အစွမ်းအစရှိနေတာမျိုးလည်း မဟုတ်ပါဘူး။" ဂိုဏ်းတူအစ်ကိုကြီးဆုံးကလည်း အစ်ကိုမင်၏စကားကို ထောက်ခံလာသည်။ အရင့်အရင်က နတ်မိမယ်တွေနှင့် နှိုင်းယှဉ်လျှင် ပြောပလောက်အောင် ဘာကောင်းကျိုးမှ မပြုဖူးသလိုပင်။ ကြင်နာခြင်းနှင့် ရဲရင့်ခြင်းနှစ်ခုစလုံးယှဉ်တွဲရှိမှသာ နတ်မိမယ်အဖြစ် လက်ခံသင့်သည်။
BINABASA MO ANG
How to flirt with the final boss 2
Romanceအသူရာချောက်နက်၏အောက်ခြေ၌ထွန်းလင်းသောသံသဖြစ်ဖွယ်အလင်းတစ်စ။ William × Misaki cover photo is not mine. fully credit to rightful owner.