꒰⑅ᵕ༚ᵕ꒱˖♡ Unicode ♡˖꒰ᵕ༚ᵕ⑅꒱
" မြေး.... အပြင်လေး ဘာလေး မထွက်ချင်ဘူးလား။ အိမ်ထဲမှာပဲ တစ်နေကုန်နေ,နေတာ မြေး ပျင်းနေရောပေါ့ "
ဘွားလုပ်ကျွေးတဲ့ မုန့်ကို အားရပါးရစားနေရင်းက ကျွန်တော် ပြော လိုက်သည်။
“ မြေး မပျင်းပါဘူး အပြင်သွားတာကမှ ပိုပျင်းဖို့ကောင်းတာ တကယ်တော့ မြေးက လမ်းမလျှောက်ချင်ဘူး ဘွားရဲ့ ”
ထိုအခါ ဘွားက ကျွန်တော့်ရဲ့ ခေါင်းကို ခပ်ဖွဖွလေးပုတ်ကာ
“ ဘွားရဲ့ မြေးက အပျင်းလေးပဲ ”
ကျွန်တော် စိတ်ကျေနပ်စွာ ရယ်လိုက်မိသည်။ ဒီကမ္ဘာမှာ ဘွားက အကောင်းဆုံးပဲလေ။“ မနေ့က ဘွားကို ဟိုဘက်အိမ်က အိမ်တက်ဆွမ်းကျွေးလာဖိတ်သွားတယ် မြေးကိုပါ အပါခေါ်ခဲ့လို့လည်းပြောသွားသေးတယ် ”
“ မြေးမှ မလိုက်ချင်တာ ဘွားရယ် ”
ပြောပြီးသည်နှင့် အခန်းထဲဝင်သွားသည့် မြေးကို သူမလည်း မတိုက်တွန်းချင်တော့ပေ။ ထို့ကြောင့် သဘတ်ကလေးကို ကိုယ်ပေါ်လွှမ်းခြုံကာ ဟိုဘက်အိမ်ဆီ ထွက်လာခဲ့သည်။
“ ဘွား!! ”
သူမအား မြင်သည်နှင့် အားရပါးရ ပြေးလာသူသည် အိမ်တက်ဆွမ်းကျွေးအတွက် လာဖိတ်သည့် ကလေးပင်။ အနက်ရောင် မျက်စံတောက်တောက်ကလေးတွေက တစ်စုံတစ်ရာကို ရှာဖွေနေမှန်းရိပ်မိပါသည်။
“ ဟိုလေ… ကောင်လေး မပါဘူးလားဟင် ”
ညှိုးငယ်နေပေမယ့် နောက်ဆုံးမျှော်လင့်ချက်လေးအလား သူမကို မေးနေသည့် ကလေးကို ပြုံးပြကာ ခေါင်းခါမိသည်။
“ မပါဘူးမြေးရဲ့ လွှမ်းလေးက နေမကောင်းလို့ အိမ်မှာအိပ်နေတယ်လေ အဲ့ဒါကြောင့် ဘွားလည်း ခေါ်မလာခဲ့တာ ”
“ ဪ အဲ့လိုလား သားညနေကျရင် ကောင်လေးကို လာကြည့်လို့ရလားဟင် ”
တက်ကြွစွာ ပြောနေသည့် ကလေးကို ကြည့်ကာ သူမလည်း မငြင်းနိုင်ပေ။ မြေးမှာ ရွယ်တူသူငယ်ချင်းတစ်ယောက်လောက်တော့ရှိသင့်တယ်လို့ သူမထင်သည်။ ထို့ကြောင့်လည်း ဒီကောင်လေးကို မြေးဘေးမှာထားတာက ပိုပြီးသင့်တော်မယ်ဟုလည်း သူမယုံကြည်သည်။
YOU ARE READING
I want to own it Butterfly
Fantasiလိပ်ပြာတွေက အရမ်းလှတယ် ဒါပေမယ့် သူတို့ကသိပ်ကိုဆိုးတယ် ငါ့ကိုပိုင်ဆိုင်ခွင့်မပေးပဲ ငါ့အနားဖြတ်ပျံပြီး ပိုင်ဆိုင်ချင်လာအောင်လုပ်တယ် ထွေးပွေ့ပြီး အနားခေါ်ထားချင်ပေမယ့် ထွက်ပြေးတယ် ... အစကတည်းက ငါ့ဆီမလာချင်ရင် မျှော်လင့်ချက်တွေပေးပြီးတော့ ငါ့အနားမပ...