ပွဲကလွန်ခဲ့တဲ့တစ်နာရီလောက်ကတည်းကပြီးသွားပြီဆိုပေမယ့် ယခုထိသဲစုတစ်ယောက် ပွဲထဲမှာအဖြစ်ပျက်ကိုတွေးကာ ရင်တွေခုန် ဖင်တွေတုန်နေမိသည်။
တကယ်အနီးကပ်ကြီးတွေ့လိုက်ရသည်မဟုတ်လား။ ချောချောလှလှမျက်နှာလေးကိုအနီးကပ်တွေ့လိုက်ရသည်မို့ ရင်ခုန်သည်။အဲ့ချောချောလှလှမျက်နှာရဲ့အနောက်မှာ အရှိန်အဝါတွေပါမြင်နေရတော့ ကြောက်မိသည်။ပွဲပြီးသွားပြီဖြစ်လို့ ကိုယ့်ပစ္စည်းတွေကိုယ်ပြန်သိမ်းပြီး ပြန်ဖို့ထွက်လာရာ ဟိုတယ်ရှေ့မှာ ဆရာထူး၊မမမီးမီးတို့နဲ့အတူ Moe Auraရဲ့CEO မြင့်မြတ်မိုးတို့စကားပြောနေတာတွေ့ရသည်။ကြည့်ရတာ မြင့်မြတ်မိုးကိုနှုတ်ဆက်နေကြသည်ထင်သည်။သဲစုလည်းတစ်ဖက်ကတံခါးပေါက်မှထွက်လာလိုက်ပြီး grabငှါးဖို့ရှာလုပ်နေသည်။
ကိုယ့်ဘေးနားမှာ လူတစ်ယောက်လာရပ်သလို ခံစားရလို့လှည့်ကြည့်မိတော့ Moe Auraရဲ့CEO ဒေါ်မြင့်မြတ်မိုး။
"မင်းအိမ်ပြန်မလို့လား တို့လိုက်ပို့ပေးမယ်လေ"
"ရပါတယ် မမမြင့်မြတ်မိုး သဲစု grabငှါးပြီးပဲပြန်လိုက်ပါမယ် မမမြင့်မြတ်မိုး အလုပ်တွေရှုပ်သွားဦးမယ်"
"ရပါတယ် တို့လည်းအိမ်ပြန်တော့မှာ အခုကညနေစောင်းနေပြီလေ တို့အလုပ်မရှိတော့ဘူး ပြီးတော့ဒီချိန်ကြီး ကောင်မလေးတစ်ယောက်ထဲပြန်ဖို့က အန္တရာယ်များတယ်"
"ဟုတ် မမမြင့်မြတ်မိုး သဲစုပြန်နေကြပါ အဆင်ပြေပါတယ်"
ကိုယ့်လိုလူကဒီလောက်offerလုပ်နေတာတောင်ငြင်းနေသော ရှေ့ကကောင်မလေးကိုမျက်ခုံးကျုံ့ပြီးကြည့်လိုက်မိသည်။တကယ်အကြောမာတဲ့ကောင်မလေး။ကိုယ်လည်းဒီလိုမျိုးဆို မာနကျို့ပြီးဆက်မခေါ်ချင်ပါ။ဘယ့်နှယ့် တစ်ခြားသူတွေဆိုဒီလိုofferရချင်လွန်းလို့။သူကတော့ကိုယ်ဒီလောက်offerလုပ်နေတာတောင် ငြင်းရဲသေး။
"ကောင်းပြီလေ မင်းသဘောပေါ့"ဆိုပြီးလှည့်ထွက်လာပြီး ကားရပ်ထားသည့်နေရာသို့သာလျှောက်လာလိုက်သည်။
သူထွက်သွားတော့မှ စိုးရိမ်စိတ်ကဝင်လာသည်။ကိုယ်ငြင်းလိုက်လို့များ သူစိတ်ဆိုးသွားတာလားဆိုသည့်အတွေးမျိုး။ကျွန်မကိုမျက်ခုံးတွေကျုံ့ပြီးကြည့်သွားလိုက်တဲ့အကြည့်များ ကြောက်စရာ။ဖုန်းကိုထုတ်ပြီးgrabငှါးဖို့ကြည့်လိုက်တော့
"သေပါပြီ သဲစုငြိမ်းရယ် နင့်ကံအဲ့လောက်ပဲဆိုးရလား"
အခြားမဟုတ် grab taxiတစ်စီးမှမရှိတော့ခြင်း။အချိန်အားဖြင့် ညနေ၆ခွဲလောက်ရှိပြီမို့ grab taxiတွေဟာ မရှိတော့ပါ။
"ဒါမှန်းသိရင် ဟိုမမနဲ့လိုက်သွားတာပေါ့ ခံပေဦးပေါ့ သဲစုငြိမ်းရေ"
အိမ်ကလူတွေကလည်းဒီနေ့မှဖုန်းဆက်တာလည်းဖုန်းမကိုင်ကြ။တကယ်ဒီနေ့ဟာ သဲစုငြိမ်းတို့အတွက် ပြဿဒါးမှ တကယ့်ပြဿဒါးနေ့။
YOU ARE READING
ငဂျစ် သို့မဟုတ် အချစ်
Fanfictionရင့်ကျက်တည်ငြိမ် မမမိုးနဲ့ ပတ်ရစ်ချွဲပြစ် သဲသဲလေးတို့ ဆုံကြသောအခါဝယ်....