p - 20

807 43 8
                                    

Unicode..



ရေကန်ထဲမှာ ကူကယ်ရာမဲ့ ကူးခတ်နေသော ဝတ်လွာ၏ အသက်တမျှ ချစ်ရသူကို ကြည့်နေမိသည်။နှလုံးသားက နာပင်မယ့် မျက်နှာကတော့ ပြုံးနေသည်။အနည်းဆုံးတော့ ချစ်ရသူနှင့် တစ်နေရာတည်း သေခွင့်ရသည်မလား...။

ကရီနာမှာ ရေမကူးတတ်သဖြင့် ရေကန်ထဲတွင် ပေါ်လိုက်မြုပ်လိုက်ဖြစ်နေသည်။
နောက်ဆုံး ခြေကုန်လက်ပန်းကျပြီး ကန်ရေပြင်အောက်ထိ စုန်းစုန်းမြုပ်သွားလေတော့သည်။

ဝတ်လွှာမှာ ကန်ရေပြင် ညိမ်သက်သွားသည်အထိ ရပ်ကြည့်နေစဉ် မျက်ရည်တစ်စက်သည် ပါးပြင်ပေါ်သို့ တလိမ့်ချင်း စီးကျလာသည်။ထို့နောက် ညိမ်သက်ဆဲ ပြုနေပြီ ဖြစ်သော ကန်ရေပြင်သည် နောက်ထပ်တစ်ဖန် လှုပ်ခတ်သွားပြန်သည်။

အရာရာသည် ဘာမှမဖြစ်ခဲ့သလို တိတ်ဆိတ်သွားသည်။
ထိုအရာသည် ခဏသာဖြစ်သည်။

အတောမသတ်နိုင်သည့် ရလိုမှုတွေနှင့် စွဲလမ်းခြင်းတွေ မဖြတ်တောက်နိုင်သေးသည့်အခါ သံသရာက ရှည်နေအုံးမည်ပင်။

....

* အင်း.. အဟင့် အု .ဖလူး ."

အိပ်နေရင်း ရေမွန်းနေသလို ခံစားချက်ကြောင့် ငယ် တွန်းထိုးရုန်းကန်နေသည်။ထို့နောက်

" အမ်း... ဟူး. ဟွတ် ဟွတ်.."

ချောင်းက တဟွတ်ဟွတ်ဆိုးနေသည်မှာ တော်တော်နှင့်
မပျောက်တော့။

ရုတ်တရက် ကျောက စိမ့်တက်လာပြီး အနောက်မှာ တစ်ယောက်ယောက်ရှိနေသလို ခံစားချက်ကြောင့် အနောက်ကို လှည့်ကြည့်လိုက်သည်။ သို့သော် ငယ့်ကို ထိတ်လန့်စေသည့် မည်သည့်အရာကိုမှ မ‌တွေ့။

မွန်းနေသည့် ခံစားချက် ပျောက်သွားသောကြောင့်‌ ရေသောက်ရန် ရေကရားကို မ လိုက်ရာ ရေကုန်နေသည်ကို တွေ့ရသဖြင့် ရေယူရန် အောက်ထပ်ရှိ မီးဖိုခန်းထဲသို့ ဆင်းလာလိုက်သည်။

အချိန်ကား ည ၁ နာရီဝန်းကျင် ဖြစ်နေသောကြောင့် အိမ်ကြီးအတွင်းတွင် ငယ်၏ ခြေသံမှတပါး တိတ်ဆိတ်နေသည်။

ငယ်သည် လှေကားကနေ ဆင်းလာရင်း အိပ်မက် အကြောင်းကို စဉ်းစားနေမိသည်။သူ(မ) အား ရေကန်ထဲကို တစ်စုံတစ်ယောက်က တွန်းချလိုက်သည်။သူ(မ) အော်ဟစ်ရုန်းကန်နေဆဲမှာပင် အိပ်ယာက နိုးလာခြင်းဖြစ်သည်။

လှမ်း၍သာလာလှည့်ပါ...(Complete)Where stories live. Discover now