chapter - 4

14 1 0
                                    

Endless Responsibility
Volume - 1 [Something's Mysterious]
Chapter — 4(Paladin Algavet)
အဆုံးမဲ့တာဝန်
အပိုင်း — ၄(သူရဲကောင်း အယ်လ်ဂါဗတ်)

ဝုန်း...

“အား...”

နာလိုက်တာဘာဖြစ်သွားတာတုန်း...

::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::::

အချိန်မှာညလယ်ခေါင်ကြီးဖြစ်သည်။အီလီ တစ်ယောက်ရုတ်တရက်သတိမေ့သွားရာမှပြန်နိုးလာ၏။သူသည်သတိပြန်ရရချင်းပင်ဘေးဘိဝဲယာကိုအကဲခတ်လိုက်သည်။

သူလေးထောင့်စပ်စပ်အခန်းတစ်ခုထဲသို့ရောက်နေသည်။၎င်းမှာသူသတိမလစ်ခင်ကဝင်သွားခဲ့သောသင်္ချိုင်း၏နောက်ဆုံးအခန်းဖြစ်၏။အခန်းတစ်ခန်းလုံးသည်‌လုံးဝပြောင်ရှင်းနေသည်။အခန်း၏ဝင်ပေါက်တည့်တည့်တွင်သင်္ချိုင်းပိုင်ရှင်ရေခဲခေတ်အရှင်၏အခေါင်းဟုယူဆရသောအခေါင်းကြီးတစ်ခုသာရှိပြီး၎င်းအခေါင်းပေါ်တွင်ကပိန်ပိန်ကပ်ကပ်နဲ့အရိုးစုနီးပါးခန္တာကိုယ်နဲ့လူတစ်ယောက်ခေါင်းငိုက်စိုက်နဲ့ထိုင်နေ၏။အီလီ ကြက်သေသေနေသည်။

“မတွေ့ရတာအတော်ကြာပြီဘဲ။နော်...မစ္စတာ ဂျိမ်းစ်”

အရိုးပေါ်အရေတင်ခန္တာကိုယ်နဲ့လူကြီးစီမှအိုနနအဖိုးအိုအသံလေးတစ်ခုထွက်လာသည်။အီလီ အေးခဲသွားသည်။ထိုနောက်လျှင်မြန်စွာပင်မတ်တပ်ရပ်လိုက်ပြီးသူ့ခန္တာကိုယ်ကိုစစ်ဆေးလိုက်သော်ပုံပြောင်းထားတာပယ်ပျက်သွားပြီမှန်းသတိထားမိလိုက်၏။

“ခင်ဗျားက...ဘယ်သူလဲ”

အီလီ သူ့ဘေးပတ်ပတ်လယ်ကရေခဲငွေ့များထက်အေးစက်နေသည့်မျက်လုံးများနှင့်မေးခွန်းထုတ်လိုက်သည်။ထို့နောက်သူကဘဲဆက်ပြီး...

“ကျုပ်ကိုဘယ်လိုသိတာလဲ”

ဟုလည်းမေးလိုက်သေး၏။အီလီ သည်အပြင်ပန်းတွင်တည်ငြိမ်နေသလောက်သူ့အတွေးများသည်တော့ဗြောင်းဆန်နေလေပြီ။၎င်းသည်မထူးဆန်းပါ။သူ့ကိုသူ့မွေးရပ်မြေဖြစ်သည့် လမိုက်မြို့ ကလူတွေတောင်ကောင်းကောင်းမသိသည်မဟုတ်ပါလား။ဒါကိုဒီလူကြီးကသိနေသည်။အီလီ မအံ့ဩမှတောင်ထူးဆန်းနေပေလိမ့်အုံးမည်။

အဆုံးမဲ့တာဝန် - [ Endless Responsibility ]Where stories live. Discover now