အပိုင်း(၅၆၆) ချင်ကူးယဥ်၏ ထွက်ခွာမှု
အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေ အတွင်း နေထိုင်ကြသည့် လူများမှာ ထူးခြား ဆန်းကြယ်သော အဖြစ်အပျက်များကို တစ်ခုပြီး တစ်ခု ရင်ဆိုင် ကြုံတွေ့နေကြရ၏။ ထိုနေ့ရက်များ အတွင်း၌ လူတိုင်းလိုလိုမှာ မျှော်လင့်ချက် ကင်းမဲ့မှု၊ လမ်းစပျောက်မှုတို့ကို ခံစားနေရ၏။
သို့သော်လည်း အားလုံးထဲ၌ တစ်စုံတစ်ယောက်သောသူကတော့ ဂိုဏ်းတစ်ခုလုံး၏ တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်သည့် မြေးမလေး ဖြစ်သူကို အပူတပြင်းပင် လိုက်လံ ရှာဖွေနေခဲ့ပေသည်။ သူကား အခြား မဟုတ်၊ အဂ္ဂိရတ် အစည်းအရုံး သခင် ချင်ကူးယွင်ပင် ဖြစ်လေသည်။
ထိုအယ်ဗန်မျိုးနွယ်ဝင် ခေါင်းဆောင်ကြီးမှာ အော်ရစ်ပင်လယ် ထူးခြား ဆန်းကြယ်စွာ ပျက်စီးသွားသည့် အချိန်မှ စ၍ မြစ်ဖြစ်သူ ချင်ကူးယဥ်ကို ရှာရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ရက်ပိုင်းအတွင်းမှာပင် သတင်းအစအန တစ်ချို့ ရလာခဲ့ကာ ဝူယုဂြိုဟ်ပေါ်တွင် သူမကို ခြေရာခံမိခဲ့သည်။
ထိုအခိုက်၌... ချင်ကူးယဥ်မှာ ပျက်သုဥ်းခြင်း နယ်မြေအတွင်းရှိ မဟာငလျင်မြို့တော်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ သူမက အာဏာရှင်များ၏ ကာကွယ်မှု အောက်၌ ရှိနေခဲ့ကာ ထိုနေ့ရက်များ အတွင်း၌ အာဏာရှင် အဖွဲ့ဝင်များနှင့် အနန္တ ဧကရာဇ်ဂိုဏ်းသားများမှာ ထူးဆန်းစွာပင် ငြိမ်သက်နေခဲ့သည်။
အာရုဏ်ဦး အင်ပါယာ ကြယ်တာရာ နယ်မြေအတွင်း ဖြစ်ပျက်နေခဲ့သည့် အရာများက ကြောက်စရာ ကောင်းလွန်းသည်။ လွန်ခဲ့သည့် တစ်ပတ်ခန့်က ကြယ်တာရာ နယ်မြေ အတွင်းရှိ ရှို့ရန်တိုင်းမှာ အကြောင်းပြချက် တစ်စုံတစ်ရာ မရှိပဲ ပျောက်ကွယ်သွားခဲ့သည်။ ကြယ်တာရာ နယ်မြေ၏ အသန်မာဆုံး ကျင့်ကြံသူ ဖြစ်သည့် ထို့ပိဟန် ပင်လျှင် မည်သည့် အရိပ်အမြွက်မှ ရှာဖွေနိုင်ခဲ့ခြင်း မရှိချေ။
ပို၍ ဆိုးသည်က ထိုပျောက်ဆုံးမှုတွင် အချိန်၊ နေရာ၊ ဝတ္ထု အကန့်အသတ် မရှိခြင်းပင် ဖြစ်သည်။ မည်သည့် ရှို့ရန်နှင့် သားရဲ အမျိုးအစား ဖြစ်စေကာမူ ယူဆောင်သွားခြင်းကို ခံကြရ၏။ မြစ်များ၊ ချောင်းများထဲမှ ငါးဥများပင်လျှင် ကင်းလွတ်ခြင်း မရှိပါချေ။
YOU ARE READING
အမွေခံအပြစ်သား ( Ongoing မှီ )
Phiêu lưuအမည် - အမွေခံအပြစ်သား (paragon of sin) မူရင်းစာရေးဆရာ - KevinAscending ဘာသာပြန် - NTRL (ရိုးရာ) နိဒါန်း... ကောင်းကင်တာအိုသည် တည်ရှိနေ၏။ ၎င်းသည် မည်သည်က မှား၍ မည်သည်က မှန်သည်ကို ဆုံးဖြတ်ပေးသည်။ ကောင်းကင် တာအိုအား ဆန့်ကျင်သူမှာ အပြစ်သား မိစ္ဆာ ဖြစ...