"ရော့ ချောကလတ် milk""ငါမသောက်ချင်ဘူး"
"အဲ့ဒါသိလို့ mango milkလည်းလည်းရှိတယ်"
"ငါမကြိုက်တာ မဟုတ်ဘူး မသောက်ချင်တာလို့"
"အဲ့ဆိုသောက်ချင်တဲ့အချိန်သောက်ပေါ့ နှစ်ခုလုံးထားခဲ့မယ်နော် အိုပါး"
"အေအေ သွားသွား"
ကန်တင်းမှာ ထမင်းစားနေတုန်း လာရှုပ်နေတဲ့ ကောင်မလေးကို gyuvin သွားရင်ပြီးရော ဆိုပြီး မောင်းထုတ်လိုက်တယ်။"ဝေါင်း gyuvin ငါ့ကို ထားပြီးအသစ်ရနေပြီလား" ကောင်မလေးသွားလိုက်တော့သူ့ကိုလာစတဲ့ ဘေးမှထိုင်နေတဲ့ shen ricky ၊
ရီပြီးစနိုင်သေးတာဘဲ မနာလိုတာလေး ဘာလေးများဖြစ်မလားလို့ gyuvin စိတ်ကူးတောင်ယဉ်ခွင့်မပေးပါ။
ကန်တင်းမှာgunwookရယ် gyuvinရယ် ricky ထမင်းတူတူစားနေကြသည်
"ricky အဲ့ကောင်မလေးကို ကျေးဇူးတင်လိုက် ၊ မဟုတ်ရင် မင်း gyuvinကိုဝယ်ပေးနေရမှာ"gunwook လည်း gyuvinနဲ့ နဂိုကထက်ပို၍ခင်လာပြီ ဖြစ်၍ hyung တပ်မခေါ်တော့ပါဘူး
"အေ မင်းကို ကြိုက်နေတာ မဟုတ်ဘဲ ငါ့လိုတစ်ခုခုနဲ့ ခြိမ်းခြောက်ထားတာမလား"
"မခြိမ်းခြောက်ပါဘူး !!!" စိတ်ဆိုးတဲ့ လေသံနဲ့ အော်ပြီးပြောတာကို တခြားနှစ်ယောက်က ရယ်တယ်
အမှန်တစ်ဝက် အမှားတစ်ဝက်ပါပါတယ်၊
သူမခြိမ်းခြောက်ဘူးဆိုတာတော့ အမှန်ပြောတာပါ ၊ အဲ့ကောင်မလေးက အိမ်ဘေးက အိမ်ချင်း ခင်တဲ့ ကောင်မလေးဖြစ်ပြီးတော့ သူ့crush ကခွေးချစ်တယ်ဆိုလားဘဲ ၊ အဲ့တာ ဖလစ်ဖို့ gyuvinရဲ့ ခွေးငှါးပေးရန် လာဘ်လာထိုးနေခြင်းဖြစ်သည်'ငါ့သားလေးကို ငှါးပေးစရာလား'
gyuvin က လူအထင်ကြီးအောင်လို့ သူ့ကိုကြိုက်လို့လာပေးတာဆိုပြီး ပေးထင်ထားလိုက်တယ်
လူဆိုတာ shen rickyပေါ့"ဉီးနှောက်ပါရင် မင်းကို ဘာလို့ကြိုက်မှာလဲ"
'အော် ဘယ်လောက်ဘဲ မင်းဖြစ်နေပါစေ ငါစိတ်ဆိုးတတ်သေးတယ် shin rickyရဲ့'
သဘောကျတဲ့ သူကပြောလို့ ရင်ထဲ နည်းနည်းနေရခက်တာက တစ်ဝက် ၊သူငယ်ချင်းချင်း စတာမို့လို့ ပေါ့ စိတ်ဆိုးတာက တစ်ဝက် ၊
gyuvinလည်း ဘယ်လို ခံစားရတယ်ပြောရမလဲ မသိပါ၊
YOU ARE READING
Blackmail
Fanfiction"kim gyuvin ငါဘာလုပ်ထားလို့ ငါ့အပေါ်အဲ့လိုလုပ်နေတာလဲ" "ဒီတိုင်းပါဘဲ ပျင်းလို့" #enemies to friends to lovers #but they are not really that bad enemies where rik has the biggest crush on his tutor bin, a cool older college student but bin's brother...