မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{part5}U/Z

6.7K 98 0
                                    

💮မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ💮{Unicode}

{အခန်း၅}

"မင်းအခုဘာစကားပြောလိုက်တယ်ယူရီ"

"ဟုတ်တယ်Andray ဖွဲ့နွှဲ့မမှီရဲ့ညီမအသက်ရှင်လျှက်ရှိနေတယ် သတိမရသေးပေမယ့်.."

"မင်းပြောတော့သ-တ်ပစ်လိုက်ပြီဆို"

"သ-တ်လိုက်တယ်...သ-တ်လိုက်တာမှန်ပေမယ့် မ​ေ-သသေးဘူး"

သူမညီမအသက်ရှင်နေသည်ဆိုသောအရာတစ်ခုနဲ့တင် သူမစိတ်ထဲမှနာကျည်းမုန်းတီးနေမှု့များတစ်ဝက်လောက်လျော့ပါးသွားမည်ထင်ပါသည်။

"အခုဘယ်မှာလဲသူ့ညီမ..."

"ဆေးရုံရဲ့ VIPအခန်းတစ်ခန်းမှာလျှို့ဝှက်ကုသထားတယ်..."

"အခုပဲအဲ့ဆေးရုံကိုသွားမယ်...ဂျက်(စ်) ကားအသင့်ပြင်ထားပါ ခဏနေဖွဲ့နွှဲ့မမှီကို.."

"အကိုလေး..အကိုလေး မမလေး၅လွှာကနေခုန်ချသွားပါတယ်"

"ဘာ!!.."

တေဇရဲ့အမောတကောပြေးကာပြောလာသည့်စကားကြောင့် ကမ်း ရင်တွေဗြောင်းဆန်ကုန်လေသည်။

"ခွန်းဆက်မဟာကိုအခုချက်ချင်းသွားခေါ်"

ကမ်းအမိန့်​ပေးပြီးသည်နှင့် သူမပြုတ်ကျသည့်ဘက်သို့ အပြေးလျှောက်လာခဲ့လေသည်။သွေးအိုင်ထဲတွင်သူမကငြိမ်သက်စွာလဲကျနေသည်။

"ဖွဲ့နွှဲ့မမှီ..ဖွဲ့နွှဲ့မမှီ သတိထားပါဦး ဖွဲ့နွှဲ့မမှီ..."

ကမ်း အလန့်တကြားဖြင့်သူမကိုအော်ခေါ်ရင်း ခန္ဓာကိုယ်လေးကိုပွေ့ချီမလိုက်ပြီး အိမ်ထဲသို့ပြေးဝင်လာလိုက်သည်။အသင့်စောင့်နေသည့် ခွန်းဆက်မဟာက သူ့လက်ထဲမှသူမကိုလွှဲပြောင်းယူပြီး စစ်ဆေးကြည့်သည်။

"ဆေးရုံပို့မှရမယ်အကိုလေး လိုအပ်ရင်ခွဲစိတ်ရမလားမသိနိုင်ဘူး...ဦးနှောက်ထဲသွေးယိုစီးနိုင်တယ်"

"အခုချက်ချင်းဆေးရုံပို့ဖို့ပြင်စမ်း!!.."

ကမ်းရဲ့အမိန့်သံအဆုံးမှာတော့ အားလုံးဟာပျာယာခက်စွာဖြင့် လှုပ်ရှားကျတော့သည်။

ယူရီထိုမြင်ကွင်းကိုငေးကြည့်ရင်း ဒေါသများထွက်နေမိသည်။ကမ်းကဘာကြောင့်အဲ့လောက်ထိပျာယာခက်နေရတာလဲ မုန်းစရာကောင်းတဲ့အဲ့မိန်းမကိုဘာတွေများကယ်တင်ချင်နေတာလဲ...

မူးယစ်ခေါင်းဆောင်ရဲ့တရားဝင်မိန်းမ{Season 1+2}Nơi câu chuyện tồn tại. Hãy khám phá bây giờ