Ch 50

1.6K 126 0
                                    

Ch 50

Peng Cheng မှာ ဒီပွဲကြီးအတွက် ကျန်းဟွေ့က ရဲ့ရှောင်ယွီကို မြို့တော်အစိုးရကို တင်ပြပေးဖို့ တောင်းဆိုပြီး Wan Jie စက်မှုဇုန်အတွက် ဖိတ်စာတစ်စောင် ရနိုင်မလားဆိုတာကို သိဖို့ ရဲ့ရှောင်ယွီကို တောင်းဆိုလိုက်သည်။

Peng Cheng တွင် ဒီမြေလေလံပွဲအတွက် Peng Cheng မှ တရားဝင် ဖိတ်ကြားစာတစ်စောင် မထုတ်ပြန်လာပါက လေလံပွဲကို တက်ရောက်နိုင်မည် မဟုတ်ပေ။

အခုအကြိမ် မြေလေလံပွဲက Peng Cheng ရဲ့ အိမ်ခြံမြေလုပ်ငန်း၏ လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်မှုကို တရားဝင် စတင်ခဲ့သည်။

နိုင်ငံတစ်ဝှမ်းရှိ အိမ်ခြံမြေလုပ်ငန်းက အရှိန်အဟုန် ပြင်းစွာဖြင့် ဖွံ့ဖြိုးတိုးတက်တဲ့ ခေတ်ကို ရောက်ရှိနေပြီ ဖြစ်သည်။ အထွတ်အထိပ်မှ မကျဆင်းခင် နှစ်ပေါင်း 40 ကျော်ထိ ထွန်ကားခဲ့သည်။

ကျန်းဟွေ့က တစ်ဖန်မွေးဖွားခဲ့ပြီး ဒီစွမ်းရည်ရှိတာကြောင့် သူမက ၎င်းထံမှ ငွေအနည်းငယ် ရလိုသည်။

သူမက ယုံကြည်ချက် မရှိတဲ့အရာတွေကို မလုပ်ဘဲ အရူးအမူး တိုးမြင့်လာရန် အိမ်ခြံမြေကို အသုံးမချဘဲ နေခြင်းဖြစ်သည်။ နောက်ဆုံးတွင် ကုမ္ပဏီပြိုကျခဲ့ပြီး မရေမတွက်နိုင်တဲ့ လူများ ဒုက္ခရောက်ခဲ့ရသည်။

မရောင်းခင် အဆောက်အအုံ တစ်ခုပြီး တစ်ခုဆောက်မယ်၊ အကြမ်းထည် ဘယ်တော့မှ မထားဘူး။ ဒါက သူမ ကတိ ဖြစ်သည်။

Peng Cheng မြေလေလံပွဲတွင် မပါဝင်ခင် ကျန်းဟွေ့က သူမ လုပ်ဆောင်ရန် လိုအပ်တဲ့ အလွန်အရေးကြီးတဲ့ အရာတစ်ခုရှိနေကြောင်း ရုတ်တရက် တွေးမိလိုက်သည်။ ၎င်းက မိုဘိုင်းလ်ဖုန်းကို ထုတ်ရောင်းခြင်း ဖြစ်သည်။

အရင်ဘဝရဲ့ သမိုင်းကြောင်းအရ 1987 ခုနစ် နိုဝင်ဘာလ 21 ‌ရက်နေ့တွင် ရွှီက Guang Dong ပြည်နယ်တွင် နိုင်ငံရြဲ ပထမဆုံး မိုဘိုင်လ်ဖုန်းကို ယွမ် 26,000 ဖြင့် ဝယ်ယူခဲ့သည်။ ယွမ် 20,000 က Motorola မိုဘိုင်းလ်ဖုန်းအတွက် ဖြစ်ပြီး ယွမ် 6000 က အင်တာနက်ကြေး ဖြစ်သည်။
(Author note Bai Du အချက်အလက်မှ)
(တရုတ်မှာ Bai Du က မြန်မာလို Google ပါ)

ဒီနေ့မှစ၍ Hua Guo ရှိ မိုဘိုင်းလ်ဖုန်း ဈေးကွက်ကို နိုင်ငံခြား မိုဘိုင်းလ်ဖုန်း ထုတ်လုပ်သူများက အချိန်တော်တော်ကြာ ချုပ်ကိုင်ထားခဲ့ပြီး နိုင်ငံခြားမှ ငွေကြေးအားလုံးကို ရယူခဲ့သည်။

(Complete) 1986 သို့ ကုန်တိုက်နဲ့အတူ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now