အခန်း ၄

208 16 3
                                    

UNICODE

သွမ့်ယဲ့ဆိုင်ကယ်ကိုစီးတာ ကျန်းယုမိုအတွက် ဒါက ပထမဆုံးအကြိမ်မဟုတ်ပေ။

သိပ်မကြာခင်တုန်းက သူက ရုတ်တရက်ကြီး မော်တော်ဆိုင်ကယ်မောင်းပြီး သူမကို လာရှာ၏။ ကျန်းယုမိုလို အပြင်လူတစ်ယောက်တောင်မှ ဒီဆိုင်ကယ်က သာမန်မဟုတ်ဘူးဆိုတာ သိသည်။ စတိုင်က အရမ်းမိုက်ပြီး အနက်နဲ့ ငွေရောင် နှစ်မျိုးသာပါသည်... တခြားသူတွေဆီကနေ သူမကြားရတော့ ဒီဆိုင်ကယ်က ယွမ်သောင်းနှင့်ချီ တန်သည်ဟုပင်။

သွမ့်ယဲ့စပြီး ဒီဆိုင်ကယ်ကို မောင်းချိန်မှာ သူက ဒုတိယမျိုးဆက်ချမ်းသာသူဆိုပြီး ကောလဟလတွေလည်း ရှိခဲ့သည်။

သွမ့်ယဲ့က နင်းချန်းမြို့သားဖြစ်ကာ ကျန်းယုမိုလည်း အတူတူပင်။

နှစ်ယောက်လုံးက ဂျူနီယာအထက်တန်းကျောင်းမှာ အတန်းဖော်တွေ ဖြစ်ခဲ့ပြီး ကျန်းယုမိုက သွမ့်ယဲ့၏ မိသားစုနောက်ခံအကြောင်းကို နည်းနည်းလေးသိသည်။ သူတို့က မဆင်းရဲပေမယ့် ချမ်းသာသည်လည်း မဟုတ်တဲ့ သာမန်မိသားစုတစ်ခုကပင်။ သူက မိဘတစ်ဦးပဲရှိသည့် မိသားစုကဖြစ်ပြီးတော့ သူ့အမေက လမ်းသွားလမ်းလာများသည့် လမ်း၌ အင်္ကျီဆိုင်တစ်ဆိုင်ဖွင့်ထားသည်။ ကျင်းယုမိုက အရင်က သူ့အမေကို မြင်ဖူးသည်။ သွမ့်ယဲ့က သူမနှင့် တော်တော်လေး ဆင်သည်။ သူ့အမေက ဆံပင်ရွှေရောင်ဆိုးထားသည့် လှိုင်းတွန့်ဆံပင်နှင့် ဖြစ်ပြီး သူမအပြင်ထွက်ပြီး ကတ်ကစားချိန်တိုင်း အနက်ရောင်လယ်သာပိုက်ဆံအိတ်ကို အမြဲကိုင်ထားသည်။ ကျင်းယုမိုက သူမအမေဆီက အိမ်သော့တွေ သွားယူဖို့ ထိုလောင်းကစားအိမ်ဆီ သွားတတ်သည်။

ထိုအချိန်မှာ သွမ့်ယဲ့၏ အမေက တခြားစားပွဲမှာ ကတ်ကစားနေသည်။ ကျန်းယုမိုက ဘာလို့ သူမကို သတိပြုမိတာလဲဆိုတော့ သူမလက်ကြားမှာ စီးကရက်တစ်လိပ်ရှိနေလို့ ဖြစ်သည်။

နင်းချန်းက နေရာသေးသေးလေးဖြစ်ကာ ယောကျာ်းလေးတွေပဲ ဆေးလိပ်သောက်ကြသည်။ မိန်းမတွေလည်း ဆေးလိပ်သောက်တာ ရှိပေမယ့် ဂရုမစိုက်တတ်သည့် မိန်းမငယ်တွေပဲဖြစ်ကာ သက်လတ်ပိုင်း အမျိုးသမီးတွေကတော့ ဝေဖန်ခံရမှာကြောက်လို့ အပြင်မှာ ဆေးလိပ်သောက်ခဲသည်။

You've reached the end of published parts.

⏰ Last updated: Dec 19, 2023 ⏰

Add this story to your Library to get notified about new parts!

နှလုံးသားထဲက အချစ်ဦးWhere stories live. Discover now