*unicode*
ဒီဇင်ဘာလထဲရောက်လာသည်နှင့်အမျှ အအေးဓာတ်လည်းပိုလာသလို ရင်ထဲကအလွမ်းဓာတ်လည်းပိုလာရ၏။
နာမည်ကြီးတက္ကသိုလ်တစ်ခု၏ ပရော်ဖက်ဆာတစ်ယောက်ဖြစ်တဲ့ ဟီဆွန်းသည် အခုလည်း ကျောင်းမှပြန်လာခြင်းဖြစ်သည်။နောက်ကျတယ်ဆိုတာ ကျောင်းသားတွေကပြန်ခံနီး ပွဲတစ်ပွဲလုပ်ချင်လို့ ပရော်ဖက်ဆာအီ ကူစောင့်ပေးပါပြောလို့ ဟီဆွန်းထိုင်စောင့်ပေးရင်း နောက်ကျသွားသည်။
ဒီဇင်ဘာရောက်တိုင်း ချစ်ရသူကိုပိုလွမ်းရတာမို့လို့ ဟီဆွန်းမှာ ဆောင်းရာသီရောက်တိုင်း တစ်ယောက်တည်းအပြင်မထွက်ချင်။
ချက်မစားချင်တော့တာမို့ ဆိုင်တစ်ဆိုင်က အမဲသားစွပ်ပြုတ်ဝယ်လိုက်သည်။
အခုချိန်ဆို မောင် ဘယ်ဆီကိုများရောက်လို့ ဘယ်သူနဲ့တွေ့နေပြီလဲ မသိဘူး။ မောင် သူ့ကိုရော သတိရသေးရဲ့လားတောင် မသိဘူး။
မောင်~
သူ့တစ်ဦးတည်းသော မောင်~
သူချစ်ရပါသော မောင်~မောင်နှင့်သူသည် အများကမနာလိုတဲ့ထိ ချစ်ခဲ့ကြသည်။အရာရာပြည့်စုံအောင် မောင်ရောသူပါ ကြိုးစားခဲ့ကြသည်။အခုတော့ သူချစ်ရသော မောင်မရှိပါ။
မောင်နဲ့သူ ပထမဆုံးစတွေ့တုန်းက မောင်ကအထက်တန်းကျောင်းသား ခပ်ဂျစ်ဂျစ်ကောင်ဆိုးလေးဘဲရှိသေးသည်။တက္ကသိုလ်ကဆရာများစုဝေးပြီး အထက်တန်းကျောင်းတစ်ကျောင်းမှာ လက်တွေ့ဆင်းပေးရမယ့် ပရော်ဖက်ဆာများထဲ သူပါသွားကာ မောင်နဲ့တွေ့ဆုံခဲ့သည်။
မောင်အကြောင်းတွေးလိုက်တိုင်း သူအမြဲပြုံးမိသည်။ဒါက မောင့်ကိုရင်နင့်အောင်ချစ်တဲ့သက်သေတစ်ခုပင်။
တိုက်တိုက်ဆိုင်ဆိုင် မောင်နဲ့သူနဲ့ စတွေ့ခဲ့တာသည် အခုလိုအေးချမ်းတဲ့ ဒီဇင်ဘာလမှာပင်။
••••
"ပရော်ဖက်ဆာအီ မနက်ဖြန်ဟိုဘက်ကျောင်းသွားရမှာမလား မနားသေးဘဲဘာတွေလုပ်နေသလဲ"
"အော် မသွားခင် ကျောင်းသားတွေ အိမ်စာပေးခဲ့မလို့ပါ အစ်မဂျီယွန်း"
YOU ARE READING
Wᴇ Mᴇᴛ Iɴ DECEMBER
FanfictionSim Jaeyun & Lee Heeseung 「One Shot」by Lwhar Htaut Pan For Christmas Present 🎁☃️