Nihilism : prologue

208 22 4
                                    

အဲ့ဒီညက ဥဩသံတွေညံတယ်။

ကြယ်စင်တွေပုန်းတဲ့ကောင်းကင်မှာ ခရမ်းရောင်ပြာမီးမှိန်မှိန်တွေဟာ ခြယ်မှုန််းလို့။ ဒါဟာ ဂန်နမ်မြို့ရဲ့ လမ်းကြိုကြား‌ေလးပေါ်မှာ ရှုပ်ပြေးနေတဲ့ အနီရောင်၊အပြာရောင် အချက်ပြမီးတွေကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မယ်။

သူရပ်နေမိတဲ့ မြေပြင်ခပ်ကြမ်းကြမ်းပေါ်မှာ သွေးစတွေနဲ့ ဗွက်အိုင်တွေ ရှိနေလိမ့်မယ်။ ပတ်၀န်းကျင်ဟာသိပ်ကို ကမောက်မကဖြစ်နေလိမ့်မယ်။
ဖမ်းဆီးမခံရဖို့ရာ ရုန်းကန်ခုခံနေတဲ့ လူမိုက်အနည်းငယ်ရယ်၊ သူတို့ထက်အင်အားပိုများတဲ့
ရဲ၀န်းထမ်းတွေရယ်..

ဖမ်းချုပ်ခံထားရရင်းတောင် သူ့ကို ပြောဖြစ်အောင်ပြောသွားတဲ့ လူမိုက်အချို့ရဲ့ မကျေမနပ် ဆဲဆိုသံတွေဟာ ပြင်းပြင်းထန်ထန်ပဲ။
သစ္စာဖောက်ကောင် မင်းသေဖို့ပြင်ထား တဲ့လေ။

ဗလာကျင်းတဲ့ နှလုံးသားဟာသိပ်ကိုလေးလံလွန်းတယ်။ အဲ့ဒီအခင်းနေရာမှာ သူဟာ ရပ်မြဲရပ်နေဆဲပဲ။

" အေးဂျင့်ဂန်! တာ၀န်ကျေပါတယ်ဗျာ
အေးဆေးအနားယူလိုက်ပါဦး "

သူ့ကျောကို ပုတ်လိုက်တဲ့ရိုက်ချက်တစ်ခု‌ေနာက်မှာစိတ်အားထက်သန်မှု‌ေတွ‌ေရာနွယ်တယ်။

မျက်လုံးမှိတ်တဲ့အထိပြုံးပြရင်း စကားဆိုလာတဲ့လူဟာ သူအသိအမှတ်ပြုတဲ့အနေနဲ့ ခပ်ဖွဖွပြုံးပြလိုက်ပြီးနောက်မှာ တာ၀န်ကို အပြီးသတ်ဖို့ပြန်ထွက်သွားတော့တယ်။

သူဟာလည်း အရှေ့က နှစ်ထပ်တိုက်ခပ်သေးသေးကို ငေးလျက်ကျန်ခဲ့ရောပေါ့။

သိပ်မကြာပါဘူး။
အဆောက်အဦးထဲကနေ ရဲ၀န်ထမ်းနှစ်ယောက်ကြားကပိန်ပါးပါးပုံရိပ်တစ်ခုဟာ ထွက်လာတယ်။

မြေပြင်ပေါ်က မျက်ရိပ်တွေ သူ့ထံကိုရောက်လာခဲ့တဲ့အခါ သူက အထိတ်တလန့်မျက်လွှာချလိုက်မိပါရဲ့။

မျက်စိတစ်မှိတ်မှာ ခြေလှမ်းတွေဟာ နီးကပ်လာတယ်။ သူ့မြင်ကွင်းထဲကို အေးစက်နေမယ့် သံလက်ထိပ်တွေ‌နဲ့ လက်သွယ်သွယ်ဟာ ၀င်ရောက်လာတယ်။

သူမ၀င့်မရဲမော်ကြည့်လိုက်မိတယ်။

ရီဝေဝေအကြည့်နဲ့ ဟေဇယ်ရောင်မျက်၀န်းတွေရယ်မပါးပြင်ပေါ်လာဟပ်တဲ့ အချက်ပြမီးနီတွေနဲ့
ထူးဆန်းစွာပဲ အချိုးကျနေတဲ့ အနီရင့်ရောင်ဆံနွယ်တွေရယ်..  အခုလိုအချိန်မှာတောင် အဲ့ဒီလူက မှင်သက်ဖို့ကောင်းနေတုန်းပဲ။

သူ့ရဲ့အရှေ့မှာ ခြေလှမ်းတွေသိသိသာသာရပ်သွားတယ်။ နောက်တော့ ဟေဇယ်ရောင်ဟာ ပြုံးပြလာတယ်။

အပြစ်ကင်းတဲ့လူတစ်ယောက်လိုမျိုး..
သိပ်ကိုသဘောထားကြီးတဲ့လူတစ်ယောက်လိုမျိုး..

" မင်းက ကိုယ့်အပေါ်ဆို သိပ်ကိုရက်စက်တာပဲနော် ဂန်ထယ် "

ကျောထဲအထိဆိမ့်၀င်သွားတဲ့ လေစိမ်းတွေနဲ့ တိုးတိုးဖွဖွစကားလုံးတွေကို သူသိပ်ကိုတုန်လှုပ်မိတယ်။

"ကျွန်တော့်ကို တခြားပြောချင်တဲ့စကားမရှိဘူးလား"

သတ္တိမွေးပြီး ဆိုလိုက်တဲ့စကားဟာ သူကိုယ်တိုင်လွတ်မြောက်ဖို့အတွက်ဖြစ်တယ်။

ဒီထက်ပိုကောင်းဖို့မရှိတဲ့အခြေအနေမှာ သူ့အနေနဲ့ လိုလားမိတာဟာ နောက်ဆံတင်းစရာမလိုမယ့် ၊ နောင်တရစရာမလိုတဲ့ အမုန်းနဲ့ နာကျဉ်းမှုတွေသာ ဖြစ်ခဲ့တယ်။

ပြောလိုက်စမ်းပါ ချွဲဘောမ်ဂယူ
ခင်ဗျားကျွန်‌တော့်ကို သိပ်မုန်းတယ်လို့။
တခြားလူတွေလိုပဲ ကျွန်တော့်ကိုသတ်ပစ်မယ်လို့
ပြောလိုက်စမ်းပါ။ စိတ်နာပစ်လိုက်စမ်းပါ။

"ကိုယ်က မင်းကိုဆိုဘာပြောနိုင်မှာလဲ ဒါလင်ရယ်"

shit shit shit
စောက်ကျိုးနည်းတာပဲ။ 
သူ့နားစည်ထဲမှာ အရှေ့ကလူရဲ့ စကားသံချိုချိုက အကြိမ်တစ်ရာလောက်ပဲ့တင်ထပ်နေတယ်။
အဲ့ဒီနောက်မှာ‌တော့ အတိတ်ကရယ်မောသံတွေဟာ တိုးသဲ့သဲ့တွေရယ်။ တမ်းတစရာတွေဟာ သူ့ကိုခြောက်လှန့်တယ်။ ဒါပေမယ့်အခုအချိန်မှာ သူဟာနောင်တရနေလဲ မထူးဘူးမဟုတ်လား?

ဝဲတက်လာတဲ့မျက်ရည်စတွေကို သုတ်ဖို့ရာ သတိမမူမိဘူး။ သူ့ရဲ့အာရုံအစုံဟာ ဘယ်တုန်းကတည်းကမှန်းမသိ ထွက်သွားတဲ့ အနီရောင်နွယ်တွေရှိရာ
ခပ်လှမ်းလှမ်းက ရဲကားငယ်ထံမှာပဲဖြစ်ခဲ့တယ်။

Nihilism


211223

A/N
Good boy gone bad era ကိုသတိရလို့ အဲ့လို concept မျိုးနဲ့ ဖိုက်တာကိုကိုလေးတို့ကို တွေ့ရမှာပါ။

Feedback plzzzz

—Yours nephelian

NIHILISM : taegyu {ongoing}Where stories live. Discover now