အတန်းထဲပြန်လာ၍ gunwook ရဲ့ထိုင်ခုံပေါ်က ဖျော်ရည်ဘူးကို ricky ယူ၍
"နည်းနည်းတိုက်" ဟုဆိုကာ gunwook ဖြေမှာကိုမစောင့်ဘဲ ယူသောက်သည် ၊gunwook ကတော့ စိတ်ဆိုးဟန်မရှိပါ ၊စိတ်ဆိုးဟန်ရှိတာကတော့ kim gyuvin
"ငါခုနက တိုက်တုန်းက ဘာလို့ မသောက်တာလဲ""တခြားကောင်မလေး တိုက်ထားတာလေ" gunwook ကို တစ်ငုံယူသောက်ပြီး ပြန်ပေးရင် rickyဖြေလိုက်သည်
"အဲ့တော့ ဘာဖြစ်လဲ?"
"ကြိုက်တဲ့လူကိုပေးထားတာ တခြားလူသောက်ရင်ဘယ်ကြိုက်မှာလဲ ၊ ငါကိုယ်ချင်းစာလို့ပါ ဘဝတူတွေမို့"
ဆရာဝင်လာတာနဲ့ စကားက လက်စပြတ်သွားခဲ့သည်၊
စကားပြတ်သွားပေမယ့် gyuvin ရင်ထဲမှာအောင့်တာပေါ့ ၊ နေသားကျသင့်ပြီထင်ပါတယ် ၊ricky က အမြဲတမ်း သူကြိုက်ပြီး တန်ဖို့ထားတဲ့လူက gyuvin မဟုတ်ဘူးဆိုတာကို အမြဲတမ်း သတိပေးနေသလိုဘဲ
အချိန်တန်ရင် နေသားကျပြီး ပျောက်သွားဖို့ဘဲ kim gyuvin မျှော်လင့်နေသည်။
"ကလေးတို့ ကျောင်းအစည်းအဝေးရှိလို့ မင်းတို့ ဒီတစ်ချိန်ပြီးရင် ပြန်လို့ရပြီ"
တစ်တန်းလုံး ဟေးလားဝါးလားနဲ့ လက်ခုပ်တီးသူကတီးပျော်နေကြသည်
rickyလည်းပျော်ပေမယ့် သူပီသစွာ တည်တည်ငြိမ်ငြိမ်နေသည် ၊
"rickyရား အိမ်လာလည်ပါလား"
လက်တို့ပြီး မေးတဲ့လူက တခြားမဟုတ် kim gyuvin ၊ နေ့တိုင်း နီးပါး သွားနေရတဲ့ အိမ်မှာနေတဲ့လူ
"ငါမင်းအိမ် နေတိုင်းနီးပါးလာနေရတာလေ ညနေကျရင်လည်း han bin hyungနားလာရမှာဘေ"
ကျူရှင်ပြီးရင် သင်တန်း ၊ သင်တန်းပြီးရင် ဂိုက်တစ်ခုပြီးတစ်ခုသွားနေရတဲ့ ricky အတွက် ဒီလို အချိန်လေးရတဲ့ အချိန်မှာ နားချင်ပါသည်
" ဟာ မင်းကလည်းကွာ ၊ ငါတို့ကျောင်းမှာမဟုတ်ရင် မတွေ့ဘူးလေ တူတူ လျှောက်လည်ဖူးတာလည်း မရှိဘူး၊ မင်းမှာနောက်နေ့ဆိုရင် အချိန်လည်းမရှိဘူးမလား"
YOU ARE READING
Blackmail
Fiksi Penggemar"kim gyuvin ငါဘာလုပ်ထားလို့ ငါ့အပေါ်အဲ့လိုလုပ်နေတာလဲ" "ဒီတိုင်းပါဘဲ ပျင်းလို့" #enemies to friends to lovers #but they are not really that bad enemies where rik has the biggest crush on his tutor bin, a cool older college student but bin's brother...