ဆောင်းတွင်းကြီးမှာမိုးတွေရွာနေတယ် ရာသီဥတုက ဖောက်ပြန် လူတွေကဖောက်ပြန် မမျှတမှုတွေနဲ့
ပြည့်နေတဲ့ ဒီကမ္ဘာကြီးဟာ တစ်ယောက်သော
သူကြောင့် သူရှင်သန်နေထိုင်နေမိတာထယ်ယောင်းအရှေ့က ကလေးတွေပြေးလွှာဆော့နေတာကိုကြည့်နေမိတယ် ဒီနေ့က ခရစ်စမတ်နေ့လေ ကလေးကစလူကြီးအဆုံး ချက်စ်ကျောင်းတော်မှာ ပြည့်နေကြတာ ဒီလိုနေ့မှာ သူကတစ်ယောက်ထဲ
နေနေရတယ် လောကကြီးက တကယ်ကိုမတရားတာပါထယ်ယောင်းအတွေးလွန်နေတုန်း သူမျက်စိအောက်ရှေ့ ရောက်လာတဲ့ ဘောလုံးလေးတစ်လုံး သူလဲ
ကောက်ပေးပြီး ထိုကလေးလေးကို ပေးလိုက်တော့
ကာပြားလေးထင်တယ် အင်္ဂလိပ်လိုခပ်ဝဲဝဲလေး
ပြောသွားတယ်"Thank You Uncle"
ထယ်ယောင်း ကလေးလေးကို ခေါင်းပဲငြိမ့်ပြလိုက်တယ် ပြီးတော့Uncleလိုခေါ်သံကြောင့် ပြုံးမိတယ်
အခုချိန်သူဗိုက်ထဲက ကလေးလေးသာရှိရင် အခုချိန်
သူကိုပါးပါးလို့ခေါ်လောက်ပြီ လူလောကထဲ
မရောက်လိုက်ရတဲ့ သူရဲ့သားသားလေးလား မီးမီးလေးလား မသိတဲ့ ကလေးတွက် သူဝမ်းနည်းတယ်
အခုလိုချိန်ဆို သူတစ်ကိုယ်ထဲ မဖြစ်နေဘူးလေ
ထိုကလေးလေးနဲ့ ဒီချက်စ်ကျောင်းထဲမှာ လာနေ
လိမ့်မည်ထင်တယ်Santaက ဒီနှစ်တွက်သူကို ဘာလက်ဆောင်ပေးမှာလဲ သူမသိချင်တော့ဘူး သူအလိုချင်ဆုံးအရာတွေက Santaမပေးနိုင်ဘူးဆိုတာ သူသိပြီးသာပါ
မပေးနိုင်တဲ့အရာကိုလဲ မတောင်းဆိုချင်တော့ဘူးတောင်းဆိုလဲကိုယ်လိုလူမျိုးတွက် ဘာမှထူးမလာပါဘူး အမြဲသူများအကျရခဲ့တဲ့သူက ဒီတစ်ခါမှလဲ
ဘာမှထူးပြီးမတောင်းဆိုတော့ပါဘူး အချစ်တောင်
ကိုယ်ကပဲချစ်ပေးခဲ့ရပြီး သူဆီက ပြန်မရခဲ့ဘူး
ရမဲ့ရတော့လဲလျစ်လျူရှုခြင်း လှလှလေးတွေပေါ့
သူပြောနေကျစကားတစ်ခွန်းရှိတယ်"ကင်မ်ထယ်ယောင်း မင်းက ငါ့အချစ်ကိုရဖို့
ထိုက်တန်တဲ့လူလို့ထင်နေတာလား မင်းကသူတို့တွက် လိုသုံးဆိုရင် ငါတွက်လဲလိုသုံးပဲ" တဲ့ဟုတ်ပါတယ်လေ သူဆိုတာ ဘယ်တုန်းကမှ ပျော်ရွှင်ခဲ့ရသူမဟုတ်သလို ဘယ်သူဆီကမှ အလေးထားခြင်းမခံရတဲ့သူပေါ့ တခြားသူပြောရင်မနာပါဘူး
ချစ်ရသူ ပါးစပ်ကထွက်လာလို့လားမသိဘူး ရင်ထဲကို တဆစ်ဆစ်နဲ့ နာကျင်သွားတယ်