13

876 48 6
                                    

Adult content, u must be at least 18 years old to read this chapter or if u don't like just SKIP this chapter. And I don't have any bad intention towards the idols. Thank You

Jenက စားပြီးတာနဲ့အိမ်ပေါ်တက်လာတော့ အခန်းထဲမှာအရင်ဆုံးမြင်လိုက်ရတာက သူတို့မှန်တင်ခုံပေါ်က နီနီရဲရဲနှင်းဆီပန်းတွေဖြစ်သည် ပန်းတွေဆိုသိပ်ကြိုက်တာမလို့ မှန်တင်ခုံနား မပြေးရုံတမယ်သွားလိုက်ပြီး ပန်းစည်းကိုကောက်ယူလိုက်သည်

သူယူလိုက်တာနဲ့ နောက်ကတံခါးပွင့်လာပါလေရော Lisaဝင်လာတာဖြစ်သည် Jenကပန်းစည်းကိုလက်ကမချပဲ

"Rosé ကိုသွားပို့တာမဟုတ်လား"

"ဒီတိုင်းပဲ သူကအိမ်ထဲကနေအော်ပြီး သွားပြီလို့ပြောလိုက်လို့ အိမ်ပေါ်တက်လာခဲ့တာ"

Jenခဏတော့ငြိမ်နေသေးသည် ဒီပန်းစည်းကဘယ်သူ့ဟာလဲမေးရင် ကောင်းမလား ပြန်ပဲချထားလိုက်ရရင်ကောင်းမလား ဆိုပြီးတွေးနေတာသာဖြစ်သည် Lisaကသူ့ကိုတစ်ချက် အကဲခတ်ပြီး

"Ruby အတွက်ပါ"

အသံကြားလိုက်ရတော့ Jenဟာပန်းစည်းကို ခုနကလောက်မကြိုက်တော့ပါ။ ပန်းနဲ့မဆိုင်ဘူးဆိုတာသိပေမဲ့ Lisaကိုမုန်းလို့ဖြစ်သည် ဘာမျက်နှာ expression မှလဲမဖော်ပြပါ ပျော်ကြောင်းလဲမပြောသလို မကြိုက်ကြောင်းလဲမပြောမိ။ ဒါနဲ့နေပါဦး သူကJenရဲ့စိတ်ကိုဖတ်နေတာလား

Lisa ဝင်လာလို့သာ ပန်းစည်းကိုသေချာမကြည့်မိတာ သေချာကြည့်လိုက်မိမှ ပန်းကြားထဲမှာညှပ်ထားတဲ့ ဆွဲကြိုးလေးပါရှိသေးတယ် ဆွဲကြိုးထည့်ထားတဲ့ ကတ်ပြားလေးကိုထုတ်လိုက်ပြီး နောက်ကိုလှန်ကြည့်တော့

*Happy 1 month anniversary Ruby*

Jenဟာ စာတန်းလေးကိုဖတ်လိုက်ပြီး Lisaစီကို ပြန်လှည့်ကြည့်လိုက်တော့ Lisa ကလဲသူ့ကိုကြည့်နေခဲ့တယ်

"မေ့နေလားတော့မသိပေမယ့် ဒီနေ့1လပြည့်ဆိုတာသတိရသွားလို့"

"အော်"

Jennieဟာ ပန်းစည်းကိုကိုင်လျှက် ကုတင်အပေါ်ထိုင်လိုက်ပြန်သည် Lisaဟာလဲ သူ့လိုပါပဲ ဒါပေမယ့် 1လလုံးလုံး တစ်ကုတင်ထဲအိပ်လာပေမဲ့ ဘယ်တော့မှအသားကိုမထိတာမလို့ Jenဟာ စိတ်မပူမိပါ။

LocoWhere stories live. Discover now