အချပ်ပို ၂
''အမေ့ရေ ယွန်းလေးဘယ်သွားလဲ၁၂နာရီတောင်ထိုးတော့မယ်ထမင်းမစားသေးလို့ဒီကလေးနှယ်အစာအိမ်ဖြစ်မှာဆိုးလို့ကို။''
လဲ့ကလေခုနောက်ပိုင်းအဘွားအိုလေးဖြစ်လာပြီ။ ယွန်းမြတ်ဝတီကိုဆိုမျက်စိရှေ့ကအပျောက်ကိုမခံတာမူတော့လည်းသူပဲချစ်လိုက်တာလည်းသူ့အပြင်နှစ်ယောက်မရှိဘူး။ ခုလည်း ထမင်းစားချိန်သူ့ရဲ့ယွန်းကိုရှာပုံတော်မင်းသမီးကြီးလုပ်နေသတဲ့။
''သြော်ညဥ်းနှယ်ခလေးကခုနကအပြုံးတို့နဲ့ ညဥ်းအဖေနဲ့တလင်းကျံလိုက်သွားတယ်။ လဲ့လဲ့တို့ကတော့နှစ်တွေကြာလည်းသည်းတုန်းဟေ့နာရီဝက်လေးမတွေ့တာနဲ့တန်းရှာတော့တာပဲ။ ညဥ်းလည်းလိုက်သွားချည်နေပူထဲသိပ်မထွက်ခိုင်းနဲ့ခလေးကနုနုဖက်ဖက်လေးရယ်။''
အမေဟာလေပြောမယ်ဆိုတာချည်းကိုယ့်သမီးကို ပြီးကျ အဲ့ခလေးကိုသူပဲသည်းသည်းလှုပ်ဟိုဟာမဖြစ်စေနဲ့ဒီဟာမဖြစ်စေနဲ့နဲ့။
မိုးတို့ အိမ်ကတလင်းလုပ်နေသည်မို့အပြုံးနဲ့လိုက်သွားတာနေမယ်။ ခမောက်ရောဆောင်းသွားရဲ့လားမသိပါဘူးကွယ်။ လဲ့လည်းရွာထိပ်ရောက်တော့ ရေတွင်းမှာရေငင်ပေးနေတဲ့ယွန်းလေးဘာတွေပြောနေကြလဲမသိပေမဲ့ရယ်နေပုံများဖြူစင်လွန်းတယ်။ ရွာကရွယ်တူတွေသာမကကလေးတေနဲ့ပါတည့်တဲ့ကလေးမို့လဲ့စိက်အေးရသည်။
ခမောက်လေးဆောင်းပြီးလက်ရှည်အပါးလေးဝတ်ထားလို့တော်သေးတယ်ဖြူဖြူဖွေးဖွေးလေးရထားသည်မို့အတော်ပင်စိက်ပူရသည်။ လဲ့ကိုမြင်တော့ခမောက်ကလေးပင့်တင်ပြီးမျက်လုံးလေးတစ်ဖက်မှိတ်ပြတယ်။ လဲ့ရဲ့ကလေးဟာလေ မမြင်ဖူးခင်ကတည်းကကြူးတာခုအိမ်ထောင်သက်တမ်းကြာနေတာတောင်ကြူးလို့မဝသေးပေ။''ဟဲယွန်း တီချယ်လာတယ်စိက်မချလို့နေမယ်နင်ထမင်းရောစားလာလား။နင်စားမလာပြန်ဘူးမလားအယွန်းမ။''
အပြုံးကယွန်းအကြောင်းသိနေလေပြီ။
''ဟုတ်တယ်အပြုံးရဲ့ယွန်းမစားလာခဲ့ဘူး။အန်တီတို့အိမ်မှာသင်္ဘောသီးသုပ်နေတာကူရင်းစားထားလို့။ဟဲ့သွားမပြောနဲ့နော်ယွန်းအဆူခံထိမှာထမင်းမစားဘဲတစ်ခြားဟာတွေစားရင်။''
BẠN ĐANG ĐỌC
ပန်ပေးပါရစေနှင်းဆီနီနီ သို့မဟုတ် အန်တီဆရာမ(Complete)
Lãng mạnအန်တီဆရာမက ကလေးတွေကို စာအကြောင်းပြော ပူတူးငယ်က အန်တီဆရာမကို ချစ်တဲ့အကြောင်းတွေ ပြောမယ် ဘယ်လိုလဲ။ နှင်းဟေမာန်ကျော် ချစ်တဲ့ အကြောင်းတွေပဲ စာစီမနေနဲ့ ကလေးမ အာဘွားလေးတော့ လက်တွေ့ပေးလှည့်အုံးကွယ်။ ဒေါ်မိုးမြင့်အိန္ဒြေ