အဆင့်၁(1)

8 0 0
                                    

ဒီနေ့ ကျောင်းမှာစာမေးပွဲဖြေပြီး အဆင့်တွေပြောလို့ ကျွန်တော်အဆင့်၇ ရခဲ့တယ်ဆိုတာကိုသိရပြီး အိမ်ကိုပျော်ပျော်ကြီးပြန်လာတဲ့နေ့

အိမ်ရောက်တော့

"မေမေရေ အဆင့်၇ ရတယ်"

အမေက ကွစ်ပျစ်ပေါ်မှာလှဲနေရင်း

"အဆင့်၁ ကရောဘယ်သူရလဲ"

ဒါက ကျွန်တော်မျှော်လင့်ထားခဲ့တဲ့စကားတော့မဟုတ်ဘူး

ကျွန်တော် တစ်ခုခုကိုစပြီးကြောက်နေမိပြီ အဆင့်၁ရသွားတဲ့ သူငယ်ချင်းရဲ့နာမည်ကိုပြောဖို့တောင် ထစ်နေမိတယ် အသံတွေက ပါးစပ်ဟလိုက်ပြီးပြောတာတောင်လည်ပင်းမှာတစ်နေခဲ့တယ်

"လဲ့... လဲ့လဲ့ဖြူ"

အမေက ခေါင်းတစ်ချက်ငြိမ့်ပြီး

" နင့်ကိုယ်နင်သိတယ်နော် သူများဘယ်လိုကြိုးစားထားလဲဆိုတာနင်တွေ့တယ်နော်"

အမေ့ကိုအဆင့်ပြောပြဖို့အတွက် အိမ်ကိုပျော်ပျော်ကြီးပြန်လာတဲ့ကျွန်တော့်ရဲ့စိတ်တွေက ကိုယ့်ကိုကိုယ်အပြစ်တင်စိတ်တွေ အဖြစ်ပြောင်းလဲသွားပြီ

"သွားပြီးတာနဲ့စာသွားလုပ်"

ဝမ်းနည်းမှုတွေကိုမြိုသိမ့်ရင်း ကျလုစဲစဲ မျက်ရည်တွေကိုထိန်းရင်း တုန်ရီနေတဲ့အသံတွေကို ရှင်းလင်းသွားအောင်ကြိုးစားရင်း ကျွန်တော့်မျက်နှာကိုအမေမတွေ့အောင် ခေါင်းကိုငုတ်ပြီး ကြမ်းပြင်တွေကိုပေါက်ထွက်မတတ် စိုက်ကြည့်နေခဲ့တယ် ပြီးတော့...

"ဟုတ်"

အဲ့နေ့ညနေကနေစပြီး ကျောင်းပိတ်တဲ့နှစ်ရက်လုံးကို အိမ်မှာနေပြီး စာလုပ်ရင်းကုန်ဆုံးခဲ့ရတယ် စာလုပ်နေရင်း နှာရည်တွေကျလာတယ် ထမင်းစားချိန်တော့နားရပါတယ် တစ်နေ့လုံးစားပွဲရှေ့ထိုင်လုပ်နေရတော့ လူကအတော်ကို ညောင်းနေပြီ အမေကအနားကိုလာပြီး

"အမေ ဒီလိုပေးလုပ်တာသမီးအတွက်ပဲနော် အများကြားမှာတော်နေရအောင် မသိမ်ငယ်ရအောင်လို့ နားလည်တယ်ဟုတ်"

ဒီလိုဆိုလာတော့ ပင်ပန်းတယ်လို့ပြောပြချင်ခဲ့တယ် ဒါပေမယ့် မြိုသိမ့်ခဲ့ပါတယ် အမေ့မျက်နှာကိုကြည့်လိုက်ပြီး

"ဟုတ်"

အင်း....လိမ်လိုက်ပြန်ပြီ။

ဒါပေမယ့်လည်း အချိန်တိုင်းစာလုပ်နေခဲ့တဲ့အတွက် ရလဒ်အနေနဲ့အဆင့်တက်လာပြီး အဆင့်၁တွေရခဲ့တယ် အတန်းထဲစာတော်တယ်ဆိုပြီး သတ်မှတ်တာကိုခံလာရတယ်။

အဲ့ဒီနေ့ကနေစပြီး အမှတ်ရှစ်ဆယ်ကျော်လောက်ရရင်တောင် အပြစ်တစ်ခုလုပ်ထားမိသလိုမလုံမလဲ ဖြစ်လာတယ် တခါတလေ အတန်းထဲမထိန်းနိုင်ပဲ အိမ်ပြန်ရောက်ရင်ငါ့ကို စိတ်ပျက်တဲ့မျက်လုံးတွေနဲ့ကြည့်လာမဲ့အမေ့ကိုမြင်ယောင်ပြီး ကြောက်နေမိခဲ့တယ်။

တခြားသူတွေအတွက်တော့ အဆင့်၁ကို မရလဲဘာမှမဖြစ်ဘူးဆိုပေမယ့် ...

အဆင့်၁ဆိုတဲ့အရာကျွန်တော့်အတွက်တော့သိသိပ်ကိုအရေးပါခဲ့တယ်။

ကြုံခဲ့ရသည်Where stories live. Discover now